Chapter - 27

3.1K 372 7
                                    

Chapter 27: နှင်းပွင့်လေးတွေက ဒီနေ့ညမှာ ဆီးနှင်းခဲတွေ ဖြစ်လာရင်

လီကျစ်ချန်း ၊ လီကျစ်ချန်း - ဘယ်လိုတောင် ဆင်ခြင်ဉာဏ်ကြီးလိုက်တဲ့လူလဲ။

ပြီးခဲ့သည့်လမှာ- ထိုလူက သူ့ရဲ့ မဆုတ်မနစ် ဇွဲလုံ့လကို ထုတ်ပြခဲ့ပြီးပြီ။ သူက အိုက်ဒါ လုပ်ငန်းစုထဲမှ ဗင်ဒါကို ခွဲထုတ်ကာ အဓိက ထုတ်ကုန်တံဆိပ် တစ်ခု ဖြစ်လာစေရုံမက ၊ သူက အိုက်ဒါ အုပ်စု ကိုလည်း အစစ အရာရာ ပြန်လည်ဖွဲ့စည်း ခဲ့သေးသည်။ အွန်လိုင်း အရောင်းဆိုင်များတွင် ခြေကုပ်ရယူပြီးနောက်၊ လီကျစ်ချန်းက ကုယန်ကျစ်၊ လျိုထုန် တို့နှင့်အတူ လုပ်ငန်းတွင်း ဖွဲ့စည်းပုံ အသစ်ကို ချက်ချင်း အကောင်အထည် ဖော်ခဲ့၏။

တာဝန်ကြီးမားသော၊ ရှုပ်ထွေးသော ၊ မလိုအပ်ဘဲ ဝန်ထမ်းပေါများနေခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့် အိုက်ဒါက လုံးဝ ပြောင်းလဲသွားချေပြီ။ ရုံးချုပ်ထဲရှိ အဓိက ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များဖြစ်သော၊ ထုတ်လုပ်ရေး၊ ဝယ်ယူရေး နှင့် ရောင်းချပြီး ဖောက်သည်များအတွက် ဝန်ဆောင်မှုပေးခြင်း စသည်တို့သာ ကျန်ခဲ့တော့၏။ ဒါ့အပြင် ရုံးချုပ်က အရောင်းဌာနများ၏ ချိတ်ဆက်မှု အားလုံးကိုလည်း လက်လွှဲယူလိုက်၏။ တံဆိပ် တစ်ခုစီတိုင်း၏ ထုတ်လုပ်မှု စနစ်မှာ ကိုယ်ပိုင် တာဝန်ယူရမည့် အပိုင်းများ ဖြစ်လာ၏၊ တစ်ခုစီတိုင်းမှ သူတို့၏ ကိုယ်ပိုင် နည်းဗျူဟာများ၊ ခန့်မှန်းငွေစာရင်း ရေးဆွဲခြင်း နှင့် စာရင်းရေးရာများ - တို့ ဖြစ်လာပြီး -ဒါက အိုက်ဒါနှင့် ဗင်ဒါတို့ ဆက်နွယ်ပုံလည်း ဖြစ်သည်။

ပြင်ဆင်မှု အားလုံးကို ညတွင်းချင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး၊ နောက်တစ်နေ့မှာ စတင် အကောင်အထည်ဖော်သည်။ ထိုဆုံးဖြတ်ချက်မှာ နောက်ဆုံး ချမှတ်ခြင်း ဖြစ်ပြီး၊ နောက်ထပ် ပြောင်းလဲရန်များ၊ ငြင်းပယ်ရန်များ လုံးဝ ခွင့်မပြု။

ရုံးတွင်းပိုင်း စီမံအုပ်ချုပ်မှု ကိစ္စရပ်များအတွက် အရင်တုန်းက လင်းချန် စိတ်ပူနေခဲ့သော်လည်း၊ အခုလို စွမ်းဆောင်ရည်များနှင့် ဝန်ထမ်းများ နေရာ ပြန်လည်ဖွဲ့စည်းကာ ဈေးကွက်နှင့် အဆက်အစပ် ပြတ်စေခြင်း တို့က လီကျစ်ချန်း ဖြေရှင်းခဲ့သည့် ရဲရင့်ပြီး ပြတ်သားသော ဆောင်ရွက်ချက်များ ဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့် ဌာနခွဲ ခေါင်းဆောင်များအတွက်မူ သူတို့ကိုယ်တိုင်မှ အကျိုးအမြတ် ရအောင် မဆောင်ရွက်နိုင်ပါက သူတို့အတွက် လစာ ရရှိနိုင်မည်မဟုတ်သဖြင့် တခြား ရွေးရန် မရှိတော့ဘဲ အလုပ်ထွက်ရန်သာ ရှိတော့မည်။ တစ်ဖက်မှာတော့ ပြိုင်ဆိုင်နိုင်စွမ်း ရှိပြီး၊ ဖန်တီးနိုင်စွမ်း ရှိသော ခေါင်းဆောင်များအတွက် - အိုက်ဒါအတွက် အကြံအစည်အသစ်များနှင့် အကျိုးအမြတ်များ ယူဆောင်ပေးနိုင်ပါမူ သူတို့ကို ဆုကြေးများ၊ အခြားအကျိုးကျေးဇူးများ မျှဝေပေးမည်ဟု လီကျစ်ချန်းက သိမ်းသွင်းကာ ကတိပေးထား၏။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now