Chapter - 68 (1)

2.3K 225 1
                                    

Chapter 68: တချို့ကတော့ ပျော်နေကြပေမည် (၁)

နေရောင် တို့ စူးရှတောက်ပနေချိန်..

ချန်ကျန်းက အာရှပစိဖိတ် ဒေသ ၏ ဥက္ကဌ ကို လင်းမြို့ အရှေ့ပိုင်း ဆင်ခြေဖုံးဒေသရှိ ထုတ်လုပ်ရေး စက်ရုံဆီ လေ့လာရေး ခေါ်ဆောင်လာ၏။

နွေးထွေးသော မွန်းလွဲပိုင်း အချိန်၊ စက်ရုံထဲရှိ စက်များက အင်အားအပြည့် လည်ပတ်နေကြပြီး၊ တူညီဝတ်စုံ အပြာရောင်ဝတ် ဝန်ထမ်းများကလည်း ကြိုးကြိုးစားစား အလုပ်လုပ်နေကြသည်က ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းအား ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်အလား။ နိုင်ငံခြားသား အုပ်စုကြီးကတော့ ခေါင်းတညိတ်ညိတ်ဖြင့် လိုက်ကြည့်ရင်း ကျေနပ်နေကြသည်။

SMQ ကိုယ်စား ချန်ကျန်းက ပိုပြီး ကျေနပ်ရပါမည်။ နားလည်ထားသည်က ဒီကမ္ဘာပေါ်မှာ အချိန်ကိုက်ရောက်လာသည့် အကူအညီရယ်လို့ မရှိ ဆိုသည့်စကားဟာ လှနေပြီးသားကို ထပ်မွမ်းမံခြင်းသာ။ SMQ ကို DG က ဝယ်သွားပြီ ဆိုသည့် သတင်း ထွက်လာပြီးနောက် ၊ SMQ နှင့် ချိတ်ဆက်နေသည့် ကုန်သွင်းသူများ၊ စီးပွားဖက်များဟာ တဖြည်းဖြည်းနှင့် သူတို့၏ သဘောထားများ ပြောင်းလဲလာ၏။ လူတိုင်းလိုလိုပင် ဘာဆက်ဖြစ်မလဲ စောင့်ဆိုင်းနေကြသည်။ အနည်းဆုံးတော့ ချန်ကျန်းကို ဆန့်ကျင်တာမျိုး သူတို့ မလုပ်ရဲကြ။

ထိုအချိန်တွင် ဝယ်ယူသူများကလည်း ပြည်ပထုတ်ကုန် များ ဆိုလျှင် အထင်ကြီးပြီးသား ဖြစ်သည့် စိတ်အခြေအနေ ရှိနေကြသည်။ SMQ ရဲ့ ပြည်ပ ကုမဏီ နှင့် ပူးပေါင်းပြီးကတည်းက သူတို့ အရောင်းဆိုင်များရဲ့ ရောင်းအားလည်း တိုးလာခဲ့သည်။ DG မှ ရင်းနှီးမြှုပ်နှံငွေများ ရရှိပြီးနောက် ၊ သူ့ရဲ့ စက်ရုံသည်လည်း နောက်တဖန် ပြန်လည် လည်ပတ်နိုင်ခဲ့ပြီ။

ဒီလောက် ကောင်းမွန်သော၊ အောင်မြင်မှု ဦးတည်နေသည့် လည်ပတ်မှု။ ဒီလူများ မပါဘဲ၊ လောဘနှင့် မာနများ မပါဘဲ သူ သည်လောက် အမြင့်ထိ တက်လှမ်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆိုရိုးစကား ရှိသည်က နတ်ဘုရားတွေဟာ ရောက်လာဖို့ ခက်ခဲသလို၊ ပြန်ထွက်သွားဖို့က ပိုတောင် ခက်ပါသည်တဲ့။ ချန်ကျန်း စိတ်ထဲ ဒီနေ့ရဲ့ စစ်ဆေးမှုသာ ပြီးစီးသွားပါက ဒီ နိုင်ငံခြားသားတွေကို အရူးလုပ် လှည့်စားနိုင်ပြီ ဟု တွေးနေမိသည်။ သူ မထင်ထားခဲ့တာကတော့ သူတို့တွေ စက်ရုံထဲမှ အပြင်ဘက်သို့ ခြေတစ်လှမ်း ချမိသည်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ DG ကိုယ်စားလှယ်ကြီးက သူ့အား မေးခွန်းတွေ ထုတ်လာတာကိုပင် သူ့ရဲ့ မျက်နှာထားက အင်မတန် တိကျသည့် အသွင်ဖြင့် ချန်ကျန်းအား တိုက်ရိုက် မေးခွန်းထုတ်လာသည်က..

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now