Chapter 34: ငယ်ရွယ်နုပျိုခြင်း၏ ရင်ခုန်သံ
ထိုနေ့ နေ့လည်ခင်းမှာ သူတို့ နှစ်ယောက် ဈေးဝယ်စင်တာထဲရှိ စားသောက်ဆိုင်မှာပင် စားလိုက်ကြသည်။
အမျိုးသားသုံး၊ အမျိုးသမီးသုံး သားရေ အိတ်တွေ ခင်းကျင်းရောင်းချကြသည့် အထပ်မှာပင် သားရေဖိနပ်များ၊ သားရေ အသုံးအဆောင်များလည်း ရောင်းချသည်။ သူတို့ လုပ်ရမည့် လမ်းကြောင်းကို သတ်မှတ်ပြီး ဖြစ်နေလေတော့ .. လျှောက်ကြည့်ကြဖို့ တွေးကြသည်။ သူတို့ စက်လှေကားမှ ဆင်းလိုက်ချိန်မှာပင် လင်းချန်က ဘယ်ဘက်ရှိ ဝင်ပေါက်ဝကြီး ဆီမှ အအေးများ ရောင်းရာ နေရာဆီ တစ်ချက် လှမ်းကြည့်မိသည်။ သူတို့ နေ့လည်စာ ခပ်လောလော စားခဲ့ရသည်မို့ အာခြောက် နေသည်လေ။
ထို့နောက် ညာဘက်ကို ကြည့်မိပြန်တော့ သန့်စင်ခန်း သို့ ဟူသည့် သင်္ကေတကိုလည်း မြင်ရ၏။ သို့နှင့် .. လီကျစ်ချန်းကို ပြောလိုက်သည်။
"ကျမ သန့်စင်ခန်း သွားလိုက်ဦးမယ်"
လီက ခေါင်းညိတ်သည်။
"ဘာသောက်ချင်လဲ။ ကျတော် ဝယ်ပေးထားမယ်လေ။"
လင်းချန် ဇဝေဇဝါ ဖြစ်သွားသည်။
"ဟမ်"
သူ ဘာကို ရည်ရွယ်ကြောင်း ပြသည့် အနေဖြင့် အဖျော်ယမကာများ ရောင်းချသည့် နေရာဘက် လှမ်းကြည့်လိုက်၏။
"Lemon kumquat" ပြောရင်း လင်းချန်ရဲ့ နှုတ်ခမ်းစွန်းတို့ ကော့တက်သွားသည်။ "ကျေးဇူးနော်"
လင်းချန် စိတ်ထဲ တွေးလိုက်မိသည်က .. ဒါက စိတ်ချင်းဆက်သွယ်နေသလိုပဲ မဟုတ်ဘူးလားလို့..
စက်လှေကား ခြေရင်းနားမှာပင် နှစ်ယောက်သား တစ်နေရာစီ လမ်းခွဲ သွားလိုက်ကြ၏။
ခြေလှမ်းအနည်းငယ် လျှောက်မိပြီးနောက် .. တစုံတရာ ထူးဆန်းနေကြောင်း သတိပြုမိလာသည်။ ခုနက သူ မေးလိုက်တာက.. တစ်ခုခု သောက်ချင်လား လို့ မဟုတ်ဘဲ ဘာသောက်ချင်လဲ လို့ မေးတာ။
သူ ဘယ်လိုလုပ်ပြီး မိမိ အာခြောက်နေကြောင်း သိရတာလဲ။
ဒါဆို .. သူက မိမိရဲ့ ကိုယ်အမူအရာ ၊ လှုပ်ရှားမှု တို့ကို အမြဲ သတိပြုနေခဲ့တာလေလား။
YOU ARE READING
မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)
General Fictionလင်းချန် ရဲ့ စိတ်ကူးထဲက ချစ်သူသည် ခန့်ညားချောမောသူ၊ လူအထင်ကြီးလောက်တဲ့သူ၊ စီးပွားရေး လောကထဲမှာ လက်တစ်ဖက်နဲ့ တိမ်တိုက်တို့ကို ဆွတ်ချူပြီး၊ ကျန်လက်တစ်ဖက်နဲ့ မိုးသားတို့ကို ပြောင်းလဲစေနိုင်သူ ၊ မိမိအနေနဲ့ အဲ့ဒီလူကို လေးစား အားကျမှုနဲ့ မော့ကြည့်ရမဲ့သူမျ...