Chapter - 38

3.1K 305 13
                                    

Chapter 38: Romantic Attachment

တိုင်ပေ၏ ညကောင်းကင်ယံက လျှပ်စစ် မီးအလင်းရောင်တို့ကြောင့် အရောင်စုံနေသည်။

ဟိုတယ်ခန်း အတွင်းမှာတော့ မီးရောင် မှိန်မှိန်အောက်မှာ လင်းချန် အာရုံစိုက်နေမိတဲ့ တစ်ခုတည်းသော အရာက လီကျစ်ချန်းရဲ့ ပုံရိပ်နဲ့ သူ့အသားအရေ မှ လာသော ကိုယ်သင်းနံ့တို့ကိုပင်။

ဒီတစ်ကြိမ် နမ်းမိကြသည့် အနမ်းက အခါတိုင်းထက် ပိုကြာ၊ ပိုနက်ရှိုင်းပြီး ပိုမို ပြင်းရှသည့် အနမ်း ဖြစ်သည်။ သူ့ရဲ့ ကိုယ် အနေအထား ပြောင်းသွားသည်ကိုပင် လင်းချန် မသိလိုက်။ သူ့ရဲ့ လက်တွေက လင်းချန်ရဲ့ ခါးနားမှာ မရှိနေတော့၊ လင်းချန်ရဲ့ ကိုယ်မှာ သူ့ရင်ခွင်အောက် ရောက်ရှိပြီး ဖြစ်နေလေတာကြောင့်ပင်။ သူ့ရဲ့ လက်တို့က လင်းချန်ရဲ့ လက်တို့နှင့် ချိတ်ဆက်ထားပြီး၊ လင်းချန်ကို နံရံနှင့် သူ့အကြား ဖိညှပ်ထား၏။ သူ့ရဲ့ မျက်နှာချောချောက အနည်းငယ် စောင်းငဲ့နေပြီး၊ နမ်း၍ ပိုအဆင်ပြေစေမည့် အနေအထား ဖြစ်နေစေကာ .. နှုတ်ခမ်းတို့ကို တွန်းထိုးလိုက်၊ လွှတ်ပေးလိုက်နှင့် ထပ်ခါတလဲလဲ သိမ်းယူနေတော့သည်။

လင်းချန်ရဲ့ ကိုယ်က သူ့ရဲ့ ရင်ဘတ်အောက် လုံးဝ အဖိခံထားရပြီး၊ ခြေထောက်တွေကိုပါ သူ့ကိုယ်နှင့် ဖိထားသည်။ သည်လို ထိတွေ့နေမှုက လင်းချန်ရဲ့ ရင်ခုန်နှုန်းကို ပို၍ မြန်လာစေသည်။ ရင်ထဲက စိုးထိတ်မှု တို့လည်း တိုးလာစေ၏။

ဝိုး ..ဝိုး ..ဝိုး .. လင်းချန်မှာ စိတ်ထဲမှ ချေပနေမိသည်။ ဒါက မိမိတို့ နှစ်ယောက်အတွက် ဆွတ်ပျံ့ကြည်နူးဖွယ် အချစ် တစ်ခုပဲလေ .. ဘာလို့များ ဒီလောက် အားနဲ့အင်နဲ့ ဖိနမ်းဖို့ လိုရမှာလဲ..

"ခင်ဗျား အစ်ကို ကို ပြောလိုက်ပါ" သူ့ အသံက ရှတတ..

"ဒါက လီကျစ်ချန်းရဲ့ ဘဝမှာ သူ ပေးထားတဲ့ ကတိကို ချိုးဖောက်ဖူးတဲ့ ပထမဆုံး အကြိမ်ပါ လို့၊ သူ စကား မတည်နိုင်တော့ဘူး လို့"

လင်းချန် ရဲ့ ရင်ထဲမှာလည်း ချိုမြိန်မှု တို့ အတိပြီးလာကာ .. အမှတ်တမဲ့ ပြန်ဖြေလိုက်မိသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now