Chapter - 16

3.1K 331 1
                                    

Chapter 16: အခြေချခြင်း

SMQ နှင့် ချန်ကျန်း အတွက်တော့ .. ဒီနေ့ရက်များက လေပြည်လေညှင်းလိုပင် သာယာနေသည်။

ချန်ဥက္ကဌက SMQ စီမံကိန်းအဖွဲ့ ရုံးခန်းထဲ ထိုင်ရင်း မောက်မာသော စကားဖြင့်..

"အကောင်းဆုံး ပြင်ဆင်ထားတဲ့ တင်ဒါ ဖြစ်အောင်လုပ်၊ ဒါမှ ပြိုင်ဘက်အားလုံးကို အနိုင်ရမှာ။ ခင်ဗျားတို့မှာ အခက်အခဲ တစုံတရာ ကြုံရင် ဘယ်အချိန်ဖြစ်ဖြစ် ကျတော့်ကို တင်ပြနိုင်တယ်။ မင်းရှန်းရဲ့ စီမံကိန်းကို ရအောင် အကောင်းဆုံး လုပ်ရမယ်။ မတန်တဆ ဖြစ်လာတာတွေရှိရင် ကျတော့်ကို ပြောဖို့ ဘာမှ တုံ့ဆိုင်းမနေနဲ့။ ကျတော် ဥက္ကဌကြီးကိုတင်ပြပြီး ချွင်းချက်ရအောင် လုပ်ပေးမယ်။ ကျိန်းသေ အောင်မြင်တယ်ဆိုတာပဲ ဖြစ်ရမယ်။"

ခိုင်ကြည်သော စိတ်ထားတို့ဖြင့် အားလုံးပင် တုံ့ပြန်လာ၏။

"ဟုတ်ကဲ့ပါ"

"စိတ်ချပါ .. မန်နေဂျာကြီး"

"SMQ က ဒီတင်ဒါကို ကျိန်းသေပေါက် ရရပါမယ်။"

ချန်ကျန်း ကျေနပ်စွာ ခေါင်းတညိတ်ညိတ် ဖြင့် .. ရုံးခန်းထဲမှ ထွက်လာ၏။ အချိန်က မိုးသောက်ချိန် ရောက်ပြီမို့ စက်မှုဇုံထဲ လူတဖြည်းဖြည်းများလာကာ .. ပျားပန်းခတ်မျှ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ချန် ကတော့ စိတ်ချယုံကြည်မှု အပြည့်ဖြင့် အဆောက်အဦ ရှေ့နားမှာ ရပ်နေ၏။

ဒီနှစ်ထဲမှာ အိုက်ဒါ၏ ရုတ်တရက်ဆန်သည့် ပြိုလဲမှုက SMQ ကို အိတ်လုပ်ငန်းလောကအတွင်း နံပါတ် ၃ မှ နံပါတ် ၂ သို့ တက်လာစေခဲ့၏။ သည်တိုးတက်မှုသည် ဖခင်ဖြစ်သူ၏ အောင်မြင်မှုများနောက်မှ လိုက်ပါလာသည့် ချန်ကျန်းအတွက် အခွင့်အရေးဖြစ်သည်။ သူ SMQ အတွက် စာမျက်နှာအသစ်ကို ဖွင့်လှစ်ရပေတော့မည်။

ဒါပေမဲ့ ချန် က ဒီထက်ပိုကောင်းစေချင်သည်။

သူ မင်းရှန်း တင်ဒါကို အောင်နိုင်ပြီး အိုက်ဒါကို ဒူးထောက်ကျသွားစေချင်သည်၊ ဒါဟာ ကာဆီနိုဂျင် ပြဿနာ နောက်ဆက်တွဲကိစ္စကြောင့် လက်စားချေခြင်းလည်း ဖြစ်သည်။ သို့ပေမဲ့ SMQ အတွက်က ဒါဟာ အစိုးရကော်ပိုရေးရှင်းတွေနဲ့ ပထမဆုံး အလုပ်လုပ်ဖူးခြင်းမို့ သူတို့အတွက် အလှမ်းကျယ်လှ၏။ သည်လောကထဲမှ ထိပ်တန်းဖြစ်သည့် နယူးဘိုရီ မှာ အမြတ်ငွေ ပမာဏများခြင်း၊ အဆက်အသွယ် ကျယ်ပြန့်ခြင်း နှင့် သြဇာအာဏာ ကြီးမားမှုတို့ကြောင့် ဒီလို စီမံကိန်းမျိုးကို အမြဲရနေကျ ဖြစ်သည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now