Chapter - 13

3.6K 386 13
                                    

Chapter 13: အခုက စတင်မယ်

ပြတင်းပေါက်မှ ဖြတ်သန်း ဝင်ရောက်လာသည့် အေးမြမြ လရောင်၊ ကောင်းကင်ပြင်မှာတော့ ကြယ်ပွင့် အနည်းငယ်သာ ရှိနေသည်။

အိပ်ရာဝင် ဝတ်စုံ ဝတ်ထားပြီ ဖြစ်တဲ့ လင်းချန် .. ကုတင်ပေါ် တင်ပလင်ချိတ်ထိုင်ရင်း လက်တစ်ဖက်က မေးထောက်ကာ ငေးငိုင်နေမိသည်။

"ကျတော် ခင်ဗျားကို ယုံတယ်" လီကျစ်ချန်း၏ ကြည်လင်သော အသံနိမ့်နိမ့်တို့က နားထဲ ကြားယောင်နေပြီး၊ ခေါင်းထဲမှ ထုတ်မရနိုင်အောင် ရှိနေသည်။

လင်းချန်ကို ခံစားမှု တစုံတရာ စတင် ဖြစ်ပေါ်စေသည် ဆိုတာတော့ ငြင်းဖွယ်ရာ မရှိ။

သည်ခံစားချက်က ထိုလူ ပြောလိုက်သည့် .."လူတစ်ယောက်က မင်းရှန်း စီမံချက်ကို ရယူဖို့ ကျတော့်ကို အကြံပေးလာတယ်" ဆိုကတည်းက စလာတာပင်။

မိမိရဲ့ မငြိမ်သက်သည့် စိတ်ကို ထပ်မံ အတည်ပြုသည်က .. "နေ့လည်တုန်းက ကျတော် ဆုံးဖြတ်ခဲ့တယ်" ဟု ပြောသည့် အချိန်မှာပင်။

ထိုလူက .. " ကျတော် ခင်ဗျားကို ယုံတယ် " ဟု ပြောလာချိန်မှာတော့ ဘာရယ်မသိသည့် ခံစားချက်တမျိုး မိမိကို လွှမ်းခြုံလာပြီး စိတ်အတွင်းမှ မတည်ငြိမ်မှုများ၊ စိတ်လှုပ်ရှားရင်ခုန်မှုများ ရှိနေပြီကို သတိပြုမိလာစေခဲ့သည်။

သူ့ရဲ့ အလုပ်ခွင်တစ်လျှောက်လုံးမှာ ဘယ်နေရာပဲ ရောက်ရောက် တန်ဖိုးထား ခံခဲ့ရသည်။ တက္ကသိုလ်က သူရဲ့ ပါမောက္ခသည်လည်း သူ့ကို အင်မတန် အားကိုးသည်မို့ ကျောင်းသားအသင်း၏ အမာခံ ဖြစ်ခဲ့ရသေး၏။ SMQ မှာ လုပ်တုန်းကလည်း ထိုသုံးနှစ်တာအတွက် ထက်မြက်သည့် ဝန်ထမ်းဖြစ်ခဲ့သည်မို့ ဘော့စ်ဖြစ်သူ ချန်ကျန်း ပင်လျှင် သူ့ကို နည်းနည်းပို အရေးပေးခဲ့သည် ..

ဒါတွေအားလုံးက ယခု လီကျစ်ချန်းရဲ့ အရေးပေးပုံနှင့်တော့ လုံးဝ ခြားနားနေတာပင်။

လီကျစ်ချန်းမှာ အရင်က စီးပွားရေးလောက၏ ဘယ်လို အတွေ့အကြုံမျိုးမှ မရှိနေခဲ့၊ သူက စစ်သားတစ်ယောက် ၊ လုပ်ဆောင်ချက်ကို ဦးစားပေးသူ။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now