Chapter - 42

3.2K 300 0
                                    

Chapter 42: ကြိုးစား ထိန်းချုပ်မှုများ

အစည်းအဝေးခန်းထဲမှ မီးအလင်းရောင်ကို မှိန်ဖျော့ထားသည်၊ အခန်းထဲ အပြည့် ရှိနေသူများကတော့ အသက်ရှုဖို့ပင် မေ့နေကြ၏။ အထူးပြုဖန်တီးချက်များ ၊ နောက်ခံသံများက ပရိုဂျတ်တာ ဖြူဖြူပေါ်မှာ လှုပ်ရှားသက်ဝင်နေပြီး .. လူအားလုံးကလည်း အာရုံစူးစိုက်နေ၏။

တီဗီ ကြော်ငြာ တချို့ ဖွင့်နေခြင်းပါ။ တီဗီရဲ့ ညာဘက်ထောင့် အထက်နားမှာ တီဗီ လိုင်းအမည် တစ်ခု ရှိနေသည်။ ကြော်ငြာကို ဒီနေ့မှာ စတင် ထုတ်လွှင့်တာ ဖြစ်သည်။ ထိုအချိန်အတွင်း အစည်းအဝေးခန်းထဲရှိ လူအများတို့မှာ ကြော်ငြာကို အတူကြည့်ရင်း ဝေဖန် သုံးသပ်နေကြ၏။

ပထမဆုံး ပေါ်လာသည်က အရပ်ရှည်ရှည် ငယ်ရွယ်ကြည့်ကောင်းသော လူငယ်လေးတစ်ဦး၊ ရိုးရှင်းသော ရှပ်အကျီနှင့် တွဲဝတ်ထားသော အနောက်တိုင်းဝတ်စုံ နှင့်၊ မြေအောက်ရထားလမ်း စင်ကြံပေါ် အိတ်တစ်လုံးဆွဲကာ လျှောက်လာသည်။ စကြံလမ်းပေါ်မှာ လူများ ထူထပ်နေသည် - ကြည့်လိုက်သည်နှင့် မြင်လေရသမျှက ပင်ပန်းနွမ်းနယ်နေပုံရသည့် မြင်ကွင်းများ။ သို့ပေမဲ့ ထိုပြကွက်က သာယာလှပသော ဂီတသံဖြင့် ချော့မြူကာ အဆုံးသတ်သွားသည်၊ ဖန်တီးမှုတို့အား ခြုံငုံပြောရလျှင် ရုတ်ရုတ်သဲသဲကြားမှ တည်ငြိမ်မှု တစ်ခု။ အင်မတန် အနုပညာဆန်သည်။ လူငယ်လေး၏ နှစ်သိမ့်ပေးနေသလို မျက်ဝန်းများ။ ထင်ရှားသည့် ကြယ်ပွင့်တစ်ဦး မဟုတ် သည်ကလွဲ၍၊ သူ့မှာ ချောမောမှု၊ နုပျိုလန်းဆန်းမှု တို့ ရှိနေပြီး၊ အကြည့်တို့က လင်းလက် တောက်ပနေသည်။

လူအုပ်ကြီးက စတင်တွန်းထိုး လှုပ်ရှားလာတော့ သူက လက်တစ်ဖက်ဖြင့် တိုင်အား ထောက်ကူ ဖေးမလိုက်ပေမဲ့ သူ သယ်လာတဲ့ အိတ်ကတော့ တတန်းတန်းပါလာသည်။ သူ ရထားပေါ်မှ ဆင်း၍ လူအုပ်ထဲ တိုးကာ တံခါးနားမှ ဖြတ်သွားသည်။ ထိုအခိုက်အတန့်လေး၌ ကင်မရာက အိတ်၏ တံဆိပ်ကို ချိန်ညှိ ရိုက်ပြလာလေတော့ အိုက်တို၏ လိုဂို တံဆိပ် ပေါ်ထွက်လာသည်။

ထို့နောက် .. လူအများနောက်မှ လိုက်ပါလာကာ စကြံလမ်းမှ ထွက်လာပြီး သူအလုပ်လုပ်ရာ နေရာဖြစ်သည့် အိုင်တီ ကုမဏီတစ်ခု သို့ ရောက်လာ၏။ ရုံးအဆောက်အဦတစ်ခု၏ ပြကွက်တို့ ဖျတ်ခနဲ ပြလာသည်၊ အလုပ်များနေကြသော လူငယ်လေးများဖြင့်..။ လူငယ်လေးက အိတ်ထဲမှ လေးလံသော လပ်တော့တစ်လုံး ကို ထုတ်ယူလိုက်သည်၊ ထို့နောက် ဖိုင်ထူထူထဲထဲ တစ်ခု နှင့် စာအုပ်တချို့ ... ။ အထဲမှ အားကစား ဝတ်စုံတစ်စုံနှင့် ဘတ်တမင်တန် ရိုက်တံ တစ်စုံပါ ထုတ်ယူလိုက်ပြန်ကာ သူ့ အလုပ်စားပွဲရဲ့ အံဆွဲထဲ ထည့်ထားလိုက်၏။ ဒါတွေ လုပ်နေစဉ်အတွင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို အလုပ်ဆင်းရင် အတူ ကြက်တောင်ရိုက်ကြဖို့ ဖိတ်ခေါ်နေသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now