Chapter - 53

4.4K 300 10
                                    

Chapter 53: တောက်ပသော နေ့စွဲများ

နောက်တစ်နေ့ .. လင်းချန် နိုးလာချိန်မှာ မိုးစင်စင် လင်းနေပြီ။ နွေးထွေးသော နေရောင်ခြည် ဝါဖျော့ဖျော့တို့က ခန်းဆီးစများကို ထိုးဖောက်ကာ အိပ်ခန်းတွင်းသို့ အလင်းရောင် ပေးနေ၏။ ဤသည်က အိပ်ခန်းတွင်းအား ငြိမ်သက်တိတ်ဆိတ်မှု နှင့် တောက်ပမှုတို့ ပေးလျက် ရှိနေသည်။

လီကျစ်ချန်း ကတော့ မနိုးသေး။

အမ်း .. ဟမ် ..

ပြီးခဲ့သည့် ညက ထိတွေ့မှုများမှာ အခုတော့ အိပ်မက်များအလား ထင်ကျန်နေသည်။

ပြီးမြောက်လုနီးပါး ဖြစ်ခဲ့တဲ့ ပထမဆုံး အကြိမ် ပြီးတော့၊ လီကျစ်ချန်းက သူမအား ပွေ့ဖက်ထားရင်း ခဏ နားသည်။ သူတို့ နှစ်ယောက် အချိန် ခဏကြာမျှ တီးတိုးစကားများ ပြောနေခဲ့ကြသည်။

နောက်တော့ သူက နောက်တစ်ကြိမ် ထပ် စခန်းသွားခဲ့သည် .. ဒါကို တွေးမိရတော့ .. လင်းချန် မရှက်ရွံ့ဘဲ မနေနိုင်၊ အဘယ်ကြောင့်ဆိုသော် အဆုံးသတ်မှာ မိမိက မိမိကိုယ်တိုင် မဟုတ်တော့သလိုမျိုး။

သူကတော့ သူ အဖြစ် တည်ရှိနေဆဲ။ တည်ငြိမ်သည်၊ သန်မာသည်၊ စကားနည်းသည်၊ သို့ပေမဲ့ ရေတွက်မရသော နည်းလမ်းပေါင်းစုံဖြင့် မိမိအား သူ့ထံ တစ်ကြိမ်ပြီး တစ်ကြိမ် ပေးအပ်လာအောင် စေစားနိုင်နေသည်။

ငြိမ်းချမ်းသည့် မျက်နှာထားဖြင့် မိမိ အနားကပ်ကာ လဲလျောင်း အိပ်ပျော်နေသော သူ့အား ငေးနေမိသည်။

အခန်းထဲမှ အလင်းရောင်ကြောင့် သူ့ မျက်နှာက ကြည်လင် ရှင်းသန့်နေ၏။ မျက်ခုံးနက်နက်တို့က မင်ဖြင့် ဆွဲထားသည့်အလား တိရိသေသပ်နေသည်။

သည်လို ချစ်စရာကောင်းတဲ့ တည်ငြိမ်တဲ့ မျက်နှာပိုင်ရှင်ကို ချစ်ရခြင်းက ပုံရိပ်ယောင် တစ်ခုလို။

လင်းချန်ရဲ့ ရင်ထဲမှာတော့ ချိုမြိန်ခြင်းတို့ဖြင့် ပြည့်နေသည်၊ အနည်းငယ် ရှက်ရွံ့မှုတို့ကလည်း ရှိနေ၏။

ဟား .. ဟုတ်ပါပြီ၊ ကျမက ငပျင်းလေးပါ၊ ဒီလို လိင်ကိစ္စပဲ ဖြစ်ဖြစ် အရာရာဦးဆောင်နိုင်ဖို့ မကြိုးပမ်းပါဘူး၊ ယူ့ရဲ့ ဦးဆောင်မှုနောက်မှာပဲ တစ်ဘဝလုံး လိုက်ပါချင်ပါတယ်နော် ..

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now