Chapter - 51

3.6K 302 10
                                    

Chapter 51: မဖြစ်ပျက်ခင် အရင်ရောက်လာတတ်သော အရိပ် သင်္ကေတများ

လင်းချန်က ကားထဲ အတော်ကြာကြာ ထိုင်နေရချိန် .. ခုနက ဖြစ်နေတာကို ပြန်တွေးနေမိသည်၊ သူ့ အကြည့်၊ သူ့လက်အစုံ၏ လှုပ်ရှားမှုများ၊ မိမိရဲ့ နားနား ကပ်ပြောတတ်သည့် စကားသံတို့က လွင့်ပျံ့နေဆဲ။ စိတ်မထိန်းနိုင်ဘဲ ခစ်ခနဲ တစ်ချက် ရယ်လိုက်မိသည်။

အချိန်က အလုပ်ဆင်းချိန် ။ ကားပါကင် ထဲ လူအများ သွားချည်၊ လာချည် ရှိနေကြသည်။ အတန်ကြာ စောင့်ဆိုင်းနေမိပြီး မှ ကားထဲ ဖျတ်ခနဲ ခိုးဝင်ဖို့ အခွင့်ရလာသည်။ ကံကောင်းစွာပင် ကားက လူပြတ်သည့် နေရာနား ရပ်ထားသည်မို့ ဘယ်သူမှ သတိမထားမိအောင် ဘေးခုံမှာ ပုန်းနေနိုင်ခဲ့သည်။

မိနစ် အနည်းငယ်လောက် ထိုင်စောင့်နေမိပြီးနောက် .. ပြတင်းပေါက်နားမှ အရိပ်တစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။ ယာဉ်မောင်းနေရာမှ တံခါးပွင့်သွားပြီး၊ ကားထဲသို့ လီကျစ်ချန်း ဝင်လာသည်။

သူ ရောက်လာသည်နှင့် လင်းချန် ရင်ထဲမှ နှလုံးသား တစ်ခုလုံး စိမ့်ဝင်ပျံ့နှံ့နေသည့် ချိုမြိန်မှုတို့ဖြင့် ကလိကလိ ဖြစ်လာသည်။ တစုံတရာ စကားမဆိုဖြစ်ဘဲ ခေါင်းငုံ့ကာသာ လက်ချောင်းလေးများ လှုပ်ရှား ကစားနေမိသည်။

လီကျစ်ချန်းသည်လည်း ဘာမှမပြော။ သူက လင်းချန်ရဲ့ အတွေးများနေသည့် ပုံစံအား တစ်ချက်ကြည့်ပြီး နောက် ကားကိုသာ စက်နှိုးလိုက်သည်။

ကားက ကုမဏီ၏ ဝင်ပေါက်တံခါးမှ ဖြတ်သွားချိန် .. လင်းချန်က ခါတိုင်းလိုပင် ယုန်လေးလို ကွေးကာ အောက်သို့ ကိုင်းငုံ့ရင်း တခြားသူများ မမြင်အောင် ပုန်းရှောင်လိုက်၏။ သူ ခရီးမသွားခင် လီကျစ်ချန်းက ပြောခဲ့ဖူးသည် - သူတို့ရဲ့ ပတ်သတ်မှုကို လူအများသိအောင် ချပြချင်သည် ဟူ၍ ၊ သို့သော် လင်းချန်ကတော့ အမှတ်တမဲ့ဖြင့် ပုန်းရှောင်မိနေဆဲ။

ပုန်းနေတုန်း .. လီကျစ်ချန်းအား သတိပေးဖို့လည်း မမေ့ ..

"ကျမကို ရယ်ရဲ ရယ်ကြည့် .."

"အင်းပါ"

ပြန်ဖြေသံက ခပ်တည်တည်..

အဲ့ဒီနောက်မှာတော့ မိမိရဲ့ ကျောပြင်ထက်၌ လက်တစ်ဖက် အသာသပ်ပေးလာသည်ကို ခံစားမိလိုက်သည်။ မသိရင် သူ့ရဲ့ သဘောအကျဆုံး ပစ္စည်းလေးကို တယုတယ ကိုင်တွယ်နေသည့်အလား။ ကျောပြင်မှ သူ့ရဲ့ အထိအတွေ့ကြောင့် လင်းချန်မှာ ကြက်သီးများပင် ထလာသည်။ ဝင်ပေါက်တံခါးအား ကျော်လွန်လာပြီးနောက် ခုံမှာ ခါးမတ်မတ်ပြန်ထိုင်ရင်း ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now