Chapter - 39

3.4K 307 5
                                    

Chapter 39 - တောင်များကို ကျော်ဖြတ်၍ ပင်လယ်ကို ကြည့်မည်

နင်းဝေ့ခိုင်းကတော့ အိုက်ဒါ ၏ ပြောင်းလဲမှုတွေကို သံသယဝင်နေလေပြီ။

သို့ပေမဲ့လည်း ထိုပြောင်းလဲမှုများက မှုန်ဝါးနေပြီး၊ သဲလွန်စ လိုက်ဖို့ရာ ခက်ခဲနေ၏။ သူ သိရသည်က အိုက်ဒါထဲမှ လှုပ်ရှားမှု အကြောင်းရင်းမှာ သူတို့ ထုတ်ကုန်သစ် တစ်မျိုးကို မိတ်ဆက်ဖို့ ပြင်ဆင်နေသည်၊ အဲ့ဒါက အား-ကာ သုံး ထုတ်ကုန် ဖြစ်နိုင်သည် ဆိုရုံမျှသာ။ ဒီထက် ပိုပြီး အရေးပါသည့် ဘယ်လို အချက်ကိုမှ မရှာနိုင်တော့။

ဗင်ဒါ ရင်ဆိုင်ခဲ့သည့် နောက်ဆုံး တိုက်ပွဲတုန်းက၊ လီကျစ်ချန်းနှင့် သူ့ကုမဏီတို့ အတူတကွ ပူးပေါင်း လုပ်ကြစဉ်မှာ၊ အိုက်ဒါထဲ နယူးဘိုရီမှ သွင်းထားသော သူလျှိုအားလုံး ကို ဘဏ္ဍာရေးအရ တာဝန်ယူခိုင်းခြင်း၊ အလုပ်ဖြုတ်ခြင်းများ ပြုလုပ်ခံရသည်။ အိုက်ဒါ ၏ အလုပ်လုပ်ပုံက အခုချိန်မှာ စည်းလုံးညီညွတ်မှု အပြည့်ရှိနေသော အဖွဲ့အစည်း တစ်ခု အလား ..

သူ ဝန်ခံရမည်က .. လီကျစ်ချန်း က အင်မတန် အားကောင်းသော ပြိုင်ဘက် တစ်ယောက် ဆိုတာပင်။

တနင်္လာနေ့ မနက် ကျူ တို့၏ ရုံးချုပ်ရှိရာသို့ နင်းဝေ့ခိုင်း ခါတိုင်းကဲ့သို့ပင် အစည်းအဝေးတက်ရန် ရောက်လာ၏။

ဒီနေ့မှ ရာသီဥတုက အရမ်း ကောင်းနေသည်။ နင်းဝေ့ခိုင်း ရုံးချုပ် ဝင်ပေါက်ဝမှ ဝင်လာသည်နှင့် ခါတိုင်းကဲ့သို့ပင် ရုတ်ရုတ်သဲသဲ။ သူ့ရဲ့ အတွင်းရေးမှုး ယွမ်ကျွင်း တစ်ယောက်သာ ခေါ်လာကာ မသိမသာ ဖြစ်အောင် လုပ်ထားသော်လည်း၊ သူ ဝင်လာသည်နှင့် လူအားလုံးက ပျူငှာစွာ ကြိုဆိုကြ၏။ သူက ဥက္ကဌကြီး၏ သားမက် ၊ နယူးဘိုရီ သည်က သူ ဦးဆောင် လည်ပတ်နေသည့် စီးပွားရေး၊ ကျူ မိသားစု ၏ လက်အောက်ရှိ လုပ်ငန်းများထဲမှ အမြတ် ရရှိမှု အများဆုံး ကုမဏီ တစ်ခု။

အစည်းအဝေးက မနက် ၉ နာရီ မှာ စတင်သည်။

နင်းဝေ့ခိုင်း၏ ယောက္ခမ ဖြစ်သည့် ဥက္ကဌကြီး .. ကျူပေါ်ယွင် ၊ ကော်ပိုရေးရှင်းမှ နေ့စဉ် လုပ်ငန်းဆောင်တာများကို တာဝန် မယူတော့သော်လည်း အစည်းအဝေးတော့ မတက်ဘဲ မနေ။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now