Chapter - 30 (2)

3.3K 384 16
                                    

Chapter 30: Day and Night (2)

လင်းချန် ထိုလူ့ဘက် ခေါင်းလှည့်ကြည့်လိုက်မိသည်။

သို့သော်လည်း လီက စင်ပေါ်မှ ဖျော်ဖြေမှုသို့သာ လှမ်းကြည့်နေလေသည်မို့ သူ့ရဲ့ ခန့်ညား၊ လန်းဆန်းနေသည့် ရုပ်သွင်ကို လင်းချန် ခဏလောက် ငေးကြည့်မိသွားသည်။

သူ ပြောတာက အဲ့လိုလုပ်စရာ မလိုဘူး တဲ့လား။

သူပြောချင်တာက ငါ့ရဲ့ အမူအကျင့်နဲ့ ခံစားချက်ကို ပြောင်းလဲစရာ မလိုဘူးလို့ လား။ ဒါမှမဟုတ် ဒါက ငါက တည်ငြိမ်လာဖို့ ရင့်ကျက်လာဖို့ မလိုတာက ငါ့မှာ သူ ရှိနေလို့ လို့ ဆိုလိုတာလား။

နောက်တဖန် လင်းချန်ရဲ့ မျက်နှာ ပူနွေးလာပြန်ပြီ။

ငါကတော့ သေလူတစ်ယောက်လို ဖြစ်နေပါပြီ။ ဒီလူ့ ဘက်က ဘာမှတောင် မလုပ်ရသေးဘူး၊ ငါ့မှာ သူ့ကြောင့်နဲ့ အကြိမ်ကြိမ် ကျဆုံးနေရပြီ။ အခုပဲကြည့်လေ .. သူ့စကားမှာ ဘယ်လို ကျီစယ်တဲ့ အဓိပါယ်မျိုးမှ မပါတာ သိသာနေပေမဲ့လည်း၊ ငါ့မှာတော့ ဦးနှောက်ထဲမှာတော့ အပေါက်တွေချည်း ဖြစ်နေပြီ။

သူတို့နှစ်ယောက် အတန်ကြာမျှ ထိုနားမှ မခွာဘဲ ရပ်ကြည့်နေမိကြသည်။ ထို့နောက် သူတို့ ပန်းခြံ၏ ဘေးတစ်ဖက်ရှိ အဖြူရောင်ကျောက်တုံးများရှိနေသည့် လျှောက်လမ်းအတိုင်း လျှောက်လာကြ၏။

လင်းချန်ကတော့ တွက်ချက်မှုတချို့ စတင်လုပ်နေလေပြီ။ အခုက ည ၁၀ နာရီ ကျော်ကျော်။ အခုချိန် ပန်းခြံမှ ထွက်ပြီး အငှားကား တစ်စီးတားရန် အချိန်ကောင်းပင်။ မိမိက ဒီပုဂ္ဂိုလ်ကြီး လီကျစ်ချန်းကို သူ့ဟိုတယ်ဆီ အရင် ပြန်ပို့ပေးရမည်၊ ဒါမှ နှစ်သစ်ကူးရဲ့ နောက်ဆုံး မိနစ်တွေကို အစ်ကိုဖြစ်သူနှင့်အတူ ရေတွက်နိုင်ပေမည်။ မိမိအနေနဲ့ အဲ့ဒီ ပုဂ္ဂိုလ်ကြီးကိုလည်း သွားချော့ဖို့ လိုသေးသည်လေ။

သူတို့ နည်းနည်းလောက် လျှောက်လာမိချိန်မှာ ကြီးမားလှသော အမဲရောင် ကျောက်တောင်ကြီး တစ်ခုကို မားမားမတ်မတ် ရှိနေသည်ကို သူတို့ရှေ့ဆီမှာ လှမ်းမြင်လိုက်ရ၏။ အမြင့် ကိုက် ၃၀ ကျော် မြင့်မည်ဖြစ်ပြီး အပေါ်ပိုင်းက ခပ်မှောက်မှောက် အနေအထားရှိသည် - မျက်နှာပြင်မှာလည်း အဖုအထစ် တချို့ကို မြင်နေရ၏။ ကျောက်တောင်နံရံတု တစ်ခု ဖြစ်မည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now