Chapter - 79 (2)

2.4K 238 4
                                    

Chapter 79: သုတ်သင်ရှင်းလင်း သည့် နည်းဖြင့် တိုက်ခိုက်ခြင်း (၂)

တနင်္လာနေ့ မနက်ခင်း ..

ချားလ်ရဲ့ အလုပ်စားပွဲပေါ်သို့ နောက်ဆုံးရ ဈေးကွက်အစီရင်ခံစာများ ရောက်ရှိနေပြီ။

ပြီးခဲ့သည့် ရက်သတ္တပတ်မှ အရောင်းကျသွားသည့် နှုန်းနှင့် နှိုင်းစာလျှင် ၊ ဒီတစ်ပတ် ကိန်းဂဏန်းများက ပို၍ပင် ထိတ်လန့်စရာ ကောင်းနေတော့သည်။ ချားလ် မှာ မဝေးတော့သည့် အနာဂတ်တွင် သူတို့ အောက်ဆုံးအထိ ထိုးကျတော့မည့် အဖြစ်ကို မြင်နေရသလောက် ဖြစ်နေရပြီ။ ချန်ကျန်းမှာလည်း လီကျစ်ချန်းကြောင့် ခြောက်ခြားမှုတို့ တွေ့ကြုံထားဖူးသူမို့ ယခုတစ်ခါမှာလည်း ရေနှင့်ကင်းလွတ်ရသည့် ငါးတစ်ကောင်အလား စိုးထိတ်မှု၊ ခြောက်ခြားမှုတို့ ဖြစ်နေရလေပြီ။ လက်ရှိအကျပ်အတည်းကို အတူကယ်တင်ကြဖို့ ချားလ်အား အကူညီပေးနိုင်ရန်သာ စိတ်ဇောဖြင့် မျှော်လင့်နေရသည်။

အကယ်၍သာ မတတ်နိုင်ခဲ့ပါလျှင် .. အကယ်၍သာ မကူညီနိုင်ခဲ့ပါလျှင် ဒါဆို သူ့မှာ ဘာမှ ကျန်တော့မည်မဟုတ်။

"ခင်ဗျား သိလား .. ဘန်.."

ဒီတစ်ခါမှာတော့ ချားလ်က သူ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ယောက် အဖြစ် ထိုက်တန်သော စိတ်တည်ငြိမ်ရှင်းလင်းမှု အရှိန်အဝါတို့ကို ပြသလာသည်။ ချန်ကျန်းရဲ့ လက်ကို ဆွဲကိုင်ကာ ..

"ဒီအခြေအနေက ကျတော်တို့ မျက်စိအောက်မှာ ဖြစ်နေတဲ့ အင်မတန် အန္တရာယ်အကြီးဆုံး အခိုက်အတန့်ပဲ၊ ကျတော်တို့ ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ရမယ်။"

ချန်ကျန်းရဲ့ အသွင်အပြင်မှာ မဲမှောင်နေကာ ခေါင်းကိုသာ ငြိမ့်နေ၏။

ချားလ် ဘာကို ဆိုလိုမှန်း သူနားလည်သည်။ လက်ရှိအချိန်မှာတော့ DG China ဟာ အကျပ်အတည်းကြားထဲ ကျရောက်နေပြီး၊ လီကျစ်ချန်းရဲ့ သူတို့ကို တိုက်ခိုက်လာမှုက ဆက်တိုက်၊ သူတို့ကို နောက်ဆုံး ချောက်ကမ်းပါးစွန်းအထိ တွန်းတင်နေသလိုမျိုး။ သို့ပေမဲ့ သူတို့က သေဆုံးသေးတာ မဟုတ်ဘူးလေ။ DG China ကို နှစ်မြှုပ်ခံလိုက်ရရင်တောင်၊ သူတို့ရဲ့ ဈေးကွက်ကြီး တစ်ခုလုံး မပြိုလဲသ၍ သူတို့မှာ နောက်ဆုံး အသက်ရှုပေါက်လေးတော့ ကျန်နေသေးသည်ပဲ၊ သူတို့ဟာ လတ်တလော ဒီကာလလေးကို ကျော်ဖြတ်ပြီးသည်နှင့် ပြန်လည်အဆင်ပြေသွားနိုင်သည် မဟုတ်လား။ ဝယ်ယူသူတွေဟာ မေ့လွယ်ပျောက်လွယ် ရှိတတ်ပြီး၊ မျိုးချစ်စိတ်တွေ ဘာတွေ ဆိုတာလည်း လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေလောက်သာ။ DG ရဲ့ အင်အား၊ နိုင်ငံတကာစံနှုန်းနှင့်ဆို နောင်အချိန်ကျမှ ဦးပြန်လှည့်လာမည် ဆိုလည်း ရသည်ပဲ။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now