Chapter - 76

2.3K 231 9
                                    

Chapter 76: ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်သူ တစ်ယောက်မှ မရှိ

အစ်ကိုဖြစ်သူထံမှ ဖုန်းဆက်လာချိန်မှာ လင်းချန်တစ်ယောက် ဟိုတယ်ခန်းထဲ ထိုင်နေပြီး၊ ရေစိုဆံပင်တို့ကို သဘက်တစ်ထည်ဖြင့် သုတ်နေရင်း ပြတင်းပေါက်မှ မြင်နေရသည့် ညကောင်းကင်ယံအား ငေးကြည့်နေချိန် ဖြစ်သည်။

ယခုလေးတင် ရေချိုးပြီးခဲ့တာဖြစ်ပြီး၊ နေရာက မြို့၏ မြောက်ဘက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွင် တည်ရှိသော၊ အိုက်ဒါ နှင့်လည်း အလှမ်း မဝေးသော နေရာမှ ဟိုတယ်တစ်ခု။ ယာဉ်မောင်းက လင်း နှင့် လီကျစ်ချန်းတို့ကို ထိုနေရာသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။

ထိုအချိန်လေးအတွင်း လင်းချန် တွေးမိရသည်က .. "မိမိအနေဖြင့် အိမ်ပြန်ရင်လည်း ဒီအခြေအနေကို ရင်ဆိုင်ရပေလိမ့်ဦးမည်"ဟူ၍။ သတင်းထောက်များ၊ မီဒီယာမှ လူများ မိမိတို့နောက် လိုက်ပါလာနိုင်ပြီး၊ ပြဿနာရှာဖို့ ကြိုးစားသူများလည်း ရှိနေနိုင်သေးသည်မို့ ၊ လောလောဆယ် ကာလမှာတော့ လီကျစ်ချန်းရဲ့ အိမ်ကိုရော၊ မိမိ ငှားထားသည့် အိမ်ခန်းငယ်လေးကိုရော ပြန်ဖို့ မဖြစ်နိုင်သေးပေ။

သည်လို အခြေအနေမျိုး ဖြစ်အောင် ဒီလူတွေ ဘယ်လောက်ကြာကြာ ဆွဲဆန့်ထားမှာပါလိမ့်..

အချိန်က ည ၁၁ နာရီပင် ကျော်နေခဲ့ပြီ။ အပြင်မှာတော့ တိတ်ဆိတ်နေဆဲ၊ အနီးနားရှိ ရွာငယ်လေးများနှင့် မြို့လေးတို့မှာ အလင်းရောင် မရှိနေတော့ဘဲ ကြယ်လေးများသာ ရှိနေသည်၊ ကြည့်ရတာ အားလုံး အိပ်မောကျကုန်ပြီ ထင်သည်။ အပြင်ဘက် ဧည့်ခန်းထဲမှာတော့ လီကျစ်ချန်းနှင့်အတူ ရွှယ်မင်ထောင်၊ ကျန်းယွမ် နှင့် ကျန်လူများ ရှိနေပြီး၊ အိပ်ခန်းတံခါး ဖွင့်ထားသည်မို့ သူတို့အသံကို ပြတ်တောင်းတောင်း ကြားနေရသည်။

"သူတို့အကုန်လုံးကို ရဲစခန်း ပို့ပစ်လိုက်၊ ဗျူရိုက လက်ထောက်ဒါရိုက်တာကျောင် ကို နှုတ်ဆက်ပါတယ်လို့ ပြောပေး"

"သတင်းထောက်တွေ အားလုံး ထိန်းနိုင်သလောက် ထိန်းထားလိုက်"

"မနက်ဖြန် မနက် ပထမဦးဆုံး လုပ်ရမှာက ဌာနအားလုံးက မန်နေဂျာတွေကို ဝန်ထမ်းအားလုံး ခေါ်စုဝေးထားဖို့ ပြောလိုက်"

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now