Chapter - 26

3.2K 344 2
                                    

Chapter 26: ဘယ်တော့မှ နောင်တမရမဲ့ ဆုံးဖြတ်ချက်များ

Translator: Nyoi-Bo Studio Editor: Nyoi-Bo Studio

မြန်မာဘာသာ ပြန်ဆိုသူ - Theimt Theimt Wai

ဆယ်မိနစ်ခန့် ကြာပြီးနောက်..

လင်းချန်တစ်ယောက် မေးကို လက်ဖြင့်ထောက်ကာ .. မျက်လုံးကတော့ ကွန်ပျူတာမှာသာ စူးစိုက်နေလေပြီး၊ အာရုံကတော့ တခြားလွင့်နေဟန် တူသည်။

သူနားတွေက တံခါးတစ်ဖက်ရှိ ရုံးခန်းထဲမှ လှုပ်ရှားမှုတို့ကို အလိုအလျောက် နားစွင့်နေ၏။

ဘော့စ်ရဲ့ မတ်တပ်ထရပ်လိုက်သံ၊ အခန်းထဲ လမ်းလျှောက်နေတဲ့အသံ၊ နောက်တစ်ခါ ပြန်ထိုင်လိုက်သံ၊ ကီးဘုတ်ဖြင့် စာရိုက်နေသံများ .. သူ စာရွက်အချို့ လှန်လှောရာမှ ထွက်ပေါ်လာသော တရှပ်ရှပ် အသံများ။

ကြားရသမျှက ပုံမှန်သာ - အချစ်နာကျသူတို့ ဖြစ်တတ်သော ဒေါသထွက်နေခြင်း၊ ရုတ်ချည်း လှုပ်လှုပ်ရှားရှား ဖြစ်ခြင်း စသည့် လက္ခဏာများ မရှိနေ ..

လင်းချန် စိတ်သက်သာရာ ရသလို အသက်ပြင်းပြင်း ရှုထုတ်မိသည်။

သူ စိတ်ပူနေတာတွေက အဓိပါယ် မရှိဘူးပဲ။ ဒီလူလို လူမျိုးက သူ့ရဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပဲလေ။ ဒါမှမဟုတ် .. ဒါက တစ်ဖက်သတ် အချစ်တစ်ခု ဖြစ်ခဲ့ပေမဲ့လည်း သူ့အတွက် ဒီလို ချစ်ဇာတ်လမ်းတွေက အဓိကအကြောင်းအရာ မဟုတ်နေဘဲ ယေဘုယျ အခြေအနေတစ်ခု ဖြစ်နေတာလည်း ဖြစ်နိုင်သည်။ ဒီလူဟာ လင်းမော့ချန်လို လူစားမျိုး နောက်တစ်ယောက်ဆိုတာ သိသာလှသည်။

သို့သော်လည်း လင်းချန် စိတ်မအေးနိုင်သေး၊ လက်ထဲ မောက်စ် ကိုင်ကာ ကွန်ပျူတာမျက်နှာပြင်မှာ ဟိုဟိုဒီဒီ ဦးတည်ရာမဲ့ လျှောက် ထောက်နေမိ၏။

ချစ်မှုရေးရာများထဲမှာ - သူ့ကို ငြင်းပယ်တာ၊ ဒါမှမဟုတ် သူ့ကို မချစ်လို့ မိမိ အနိုင်ရသွားတာ ဆိုတော့ မိမိအနေဖြင့် စိတ်ပူစရာမရှိဘဲ ပျော်ရွှင်နေနိုင်ရမည်။ အလုပ်ခွင်ထဲမှာ ချစ်သူထားခြင်း ဆိုသည်က .. အသွားနှစ်ဖက်ပါသော ဓါးတစ်ချောင်းလိုပဲလေ။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now