Chapter - 65

2.4K 253 6
                                    

Chapter 65: Heart Higher than the Heavens

တိတ်ဆိတ် ငြိမ်သက်နေသောည ..

လင်းချန် အိမ်ထဲ အရှေ့ဘက် မြက်ခင်းမှ ဖြတ်ကာ ဝင်လာစဉ် ပထမဆုံး ရှောင်သွားရသည့် နေရာက စပျစ်စင်လေးများ ဖြစ်သည်။

မနှစ်တုန်းက စိုက်ခဲ့သည့် ပျိုးပင်လေးများမှာ မိမိရဲ့ ခါးလောက် ရောက်အောင်ပင် ကြီးထွားနေခဲ့ပြီ။ အရွက်ကြီးကြီးများက လရောင်အောက်တွင် ညလေညှင်းနှင့်အတူ ယိမ်းနွဲ့နေကြ၏။

နောက်နှစ်လောက် ဆိုရင် သူတို့က စပျစ်စင် ထိပ်ထိအောင် တက်နေလောက်ရောပေါ့..

စိတ်ထဲ အလေးအနက် စဉ်းစားစရာ ရှိနေ၍ ဖြစ်မည် ထင်သည်၊ အိမ်ထဲသို့ တန်းမဝင်မိဘဲ၊ ဖုန်းကို ထုတ်ယူကာ အမှတ်တရအဖြစ် သိမ်းထားသည့် ဓါတ်ပုံလေးများအား ကြည့်မိ၏။ အဲ့ဒီနောက်တော့ သက်ပြင်းတစ်ချက် ချမိကာ တံခါးကို တွန်းဖွင့်၍ အိမ်ထဲ ဝင်လာလိုက်၏။

လီကျစ်ချန်းရဲ့ အိမ်နေရင်း တီရှပ် မီးခိုးရောင်နှင့် အနက်ရောင် အားကစား ဘောင်းဘီတို့ကို ဝတ်ကာ ဆိုဖာပေါ် ထိုင်နေပုံက သူ့အား ရှင်းသန့်ပြီး ကြံ့ခိုင်သည့် အသွင် ဖြစ်နေစေ၏။ လင်းချန်အား မျက်လုံးပင့်ကြည့်လာပြီး သူ့ဘေးနား ထိုင်ရန် သဘောဖြင့် ဆိုဖာအား လက်ဖြင့် အသာပုတ်ပြသည်။

လင်းချန် သူ့အနား ဘေးချင်းယှဉ် ဝင်ထိုင်မိတော့ ၊ တီဗီ ကို အာရုံရောက်သွားသည်။

သတင်းမှာ လာနေတာက အမေရိကန် ကုမဏီဖြစ်သည့် DG အဖွဲ့အစည်းမှ SMQ ကို ဝယ်လိုက်သည့် အကြောင်းအရာ နှင့် ဆက်စပ်သတင်းများ..

တကယ်တော့ ထိုသတင်းမှာ တိကျသော သတင်းအချက်အလက် သိပ်မပါပေ။ နှစ်ဖက်လုံးမှလည်း ဒီကိစ္စကို သိုသိုသိပ်သိပ် စီစဉ်ထားသည်မို့ မီဒီယာမှာ တင်ပြလာသည့် သတင်းတို့က ကောလဟလများ၊ အခြေအမြစ် မလိုက်နိုင်သော အချက်အလက်များပေါ်တွင် အခြေခံထားသည်သာ။

ပြည်ပကုမဏီများ၏ ဝယ်ယူမှု ဆိုသည့် အကြောင်းအရာမှာ အင်မတန် အထိအခိုက်မခံသည့် သတင်းခေါင်းစဉ် ဖြစ်ပြီး၊ ထိုသတင်းအပိုင်းအစကို ကြည့်ရင်း စိတ်ထဲ ချန်ကျန်း ရဲ့ စကားများအား ပြန်စဉ်းစားမိပြီး မိမိတို့သည်လည်း ဒီလို ကံကြမ္မာမျိုး ကြုံရဖို့ ရှိသည်ဟု အရိပ်အမြွက် ပြနေသည်ဟု ထင်မိသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now