Chapter - 64

2.5K 259 10
                                    

Chapter 64: ဟယ်လို .. ကိုကို

ဘာကြောင့်များ နိုင်ငံတကာ အခြေစိုက် ကော်ပိုရေးရှင်းကြီး တစ်ခုက တရုတ်ကုမဏီ တစ်ခုကို သိမ်းယူ၊ ဝယ်ယူ မှာတဲ့လဲ။ ဘာလို့လည်းဆိုတော့ တရုတ်ဈေးကွက်ကြီးက အရမ်းကို မက်လောက်စရာ ကောင်းနေလို့ပေါ့။ ပြည်ပ ကော်ပိုရေးရှင်း တော်တော်များများက တရုတ်ပြည်မထဲမှာ အခြေချလို့ မရနိုင် ၊ ဒေသခံ ကုမဏီတွေနဲ့ မယှဉ်နိုင်အောင် ဖြစ်နေကြတာ ဆိုတော့ ဒီတစ်ခါ ရယူမှုက ဈေးကွက်ချဲ့ထွင်ခြင်း ဘက်သို့ အဓိပါယ် ပိုသက်ရောက်နိုင်သည်ပဲ။

ဒေသခံကုမဏီများ၏ ဖောက်သည်များ၊ သွင်းအားစုများ၊ ဈေးကွက် ချိတ်ဆက်မှု နှင့် အရောင်းပမာဏ တည်ငြိမ်မှု ရရှိနိုင်ရန်မှာ၊ တစ်ဖက်မှ ပြိုင်ဘက်လုပ်ငန်းများအား ရယူခြင်းဖြင့် တခါတည်း အမြစ်ဖြတ် ချေမှုန်းပစ်မှသာ ဖြစ်ပေလိမ့်မည်။ Little Nurse ၊ Robust နှင့် Lekai Film တို့ကဲ့သို့သော လုပ်ငန်းများမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က နေရာအနှံ့ ပြန့်နှံ့ခဲ့သော အမှတ်တံဆိပ်များ ဖြစ်ပြီး၊ ယခုအခါမှာတော့ သူတို့ကို ဘယ်မှာမှ ရှာမတွေ့နိုင်တော့ပြီ။ ထပ်ပြောရလျှင် ကုမဏီ၊ လုပ်ငန်းကြီးများ၏ ရှယ်ယာဝယ်ယူမှု၊ ရယူမှု ဆိုသည်က ထိုစီးပွားရေးလောကထဲ သူတစ်ဦးတည်း လက်ဝါးကြီးအုပ်သွားဖို့ကို ဦးတည်နေခြင်းသာ ဖြစ်သည်။

လူသိများသော သာဓကများလည်း ရှိပါသေး၏။ တစ်ကိုယ်ရေး သန့်ရှင်းမှုသုံး ထုတ်ကုန်များ၊ ဘိလပ်မြေ၊ မုန့်များ၊ ပဲငံပြာရည် နှင့် စက်မှုလက်မှု ထုတ်လုပ်ရေး လုပ်ငန်းများ အားလုံး တဖြည်းဖြည်းနှင့် ပြည်ပကုမဏီများ၏ လက်ဝါးကြီးအုပ် လွှမ်းမိုးခြင်းကို ခံသွားကြရသည်။ အကယ်၍ သူတို့က ဒေသခံ ကုမဏီများနှင့် မယှဉ်သာအောင် ရှိနေရပါက၊ သို့ဆိုလျှင် သူတို့က ပြိုင်ဘက်ကုမဏီများ၏ ရှယ်ယာများကို ဝယ်ယူ၊ ရယူပေလိမ့်မည်။ ဒါသည်ပင် ပြည်ပကော်ပိုရေးရှင်းကြီးများ ထပ်ဖန်တလဲလဲ သုံးလေ့ရှိသော လှည့်ကွက်၊ ထောင်ချောက်တစ်ခု ဖြစ်နေတော့သည်။

ယခုတော့ သူတို့ အိတ်လုပ်ငန်း လောကထဲသို့ ခြေဆန့်လာကြပြီ။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now