Chapter - 66

2.4K 238 9
                                    

Chapter 66: ဆုံးဖြတ်ချက် ချရမဲ့ အချိန်

DG ကော်ပိုရေးရှင်းကြီးက နယူးဘိုရီရဲ့ အဓိက ရှယ်ယာရှင် တစ်ဦး ဖြစ်လာပြီဟု သတင်းကြားရသည့်အခါ နင်းဝေ့ခိုင်းတစ်ယောက် အံ့အားသင့်သွားရသည်။ အရင်တုန်းက နယူးဘိုရီရဲ့ ရှယ်ယာကို မရောင်းဘူးဟု မစ္စတာကျူ ပြောခဲ့ဖူးသည်၊ အခုတော့ ပြောင်းလဲတာ မြန်လှချည်လား။

သိပ်များများ အားမထုတ်လိုက်ရပါဘဲ ဘယ်လိုကြောင့် ဖြစ်သည်ဆိုတာ သဘောပေါက်သွားရ၏။ DG က အဓိကရှယ်ယာရှင် မဟုတ်သည့် ကျူတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများ ထံမှ ရှယ်ယာများကို စတင် ဝယ်ယူခဲ့သည်။ ဒီကော်ပိုရေးရှင်းကြီးကို တည်ထောင်စဉ်က သူတို့က မစ္စတာကျူကို ကူညီပေးခဲ့ပြီး၊ နယူးဘိုရီ၏ တစိတ်တပိုင်း ပိုင်ဆိုင်သူများ ဖြစ်လာကြသည်။ ဒါဆို အခုကျတော့ရော ၊ သူတို့ ကျူကော်ပိုရေးရှင်း၏ အကြီးအကဲ ထိုင်ခုံများသို့ ဝင်မထိုင်နိုင်တော့ပြီ။ DG ကော်ပိုရေးရှင်းရဲ့ ဈေးနှုန်းမြင့်မြင့် ကမ်းလှမ်းမှုများကို သူတို့ မလွန်ဆန်နိုင်ခဲ့ကြ ။

ကျွတ်စ် .. ကျွတ်စ်..

ကျူဟန်ချုံး နဲ့ ကျူဟန်ချန်း တို့က နယူးဘိုရီကို အကျပ်အတည်းတွေ့အောင် လုပ်လိုက်ပါပြီကော။

DG ကော်ပိုရေးရှင်း၏ ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်သည့် လင်းမော့ချန်းက ထိုလူ နှစ်ယောက်အား သီးသန့်လျို့ဝှက် တွေ့ဆုံခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ထိုလူနှစ်ယောက်ထံမှ တစ်ဆယ်ရာခိုင်နှုန်းသော ရှယ်ယာများကို ဝယ်ယူစုပေါင်းနိုင်ခဲ့ပြီး၊ DG အား နယူးဘိုရီရဲ့ ရှယ်ယာပိုင်ဆိုင်မှု သုံးဆယ် ရာခိုင်နှုန်း အထိ ဖြစ်စေခဲ့ပြီး၊ ကုမဏီထဲရှိ အကြီးဆုံး ရှယ်ယာရှင်မှာ DG ဖြစ်လာခဲ့ရပြီ။

ဒီအချိန်မှာ နင်းဝေ့ခိုင်း ပြောလိုက်ချင်မိသည့် တစ်ခွန်းတည်းသော စကားက .. "F..k" ဟူ၍သာ။ တကယ်တော့ နယူးဘိုရီဆိုတာ ကျူ ညီအစ်ကို တွေ တည်ထောင်ခဲ့၊ မြှင့်တင်ခဲ့တာ မဟုတ်ခဲ့။ ထို့ကြောင့် သူတို့က ဒီလို လွယ်လွယ်ကလေး ပေးအပ်လိုက်ရခြင်းအပေါ် နည်းနည်းမှ ဝမ်းနည်းမည် မဟုတ်ပေ။ သူတို့ ဘာကြောင့်များ ရှယ်ယာတွေ ရောင်းလိုက်သလဲ ဟူသည့် အကြောင်းအရင်း အမျိုးမျိုးကို နင်းဝေ့ခိုင်း စဉ်းစားကြည့်နေမိသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now