Chapter - 18

3.1K 351 22
                                    

Chapter 18: နောက်မှ ဖမ်းဖို့ ရန်သူကို အရင်လွှတ်ပေးထားမယ်။

" မင်းက .. ငါနဲ့ လာရှုပ်ရဲတယ်ပေါ့ .. အခု ကျေနပ်သွားပြီလား"

ဆူညံ လှုပ်ရှားနေသည့် ညတစ်ညမှာ ဒီလူရဲ့ ခနဲ့တဲ့တဲ့ အသံက ဓါးထက်ထက် တစ်ချောင်းအလား၊ လင်းချန်၏ နားစည်ထဲ တိုးဝင်သွား၏။ အမျက်ဒေါသတို့က သူ့ကိုယ်ထဲ ချုပ်ထားခံရသည့် သားရိုင်း တစ်ကောင်လို အချိန်မရွေး ပေါက်ကွဲထွက်တော့မတတ်..

သို့သော်လည်း သူ ပြန်ထိန်းလိုက်၏။

ရန်သူက အခုလေးတင် ရိုက်နှက်သွားတာ၊ ဒါကို မတုံ့ပြန်နိုင်ခဲ့ဘူး၊ ဒီတော့ ဘာလုပ်ရမလဲ ..

အနည်းဆုံးတော့ ၊ အဲ့ဒီလူကို သူ အောင်နိုင်သွားတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးလို့ မဖြစ်ဘူးပေါ့..

လင်းချန် ဖုန်းကိုသာ ကိုင်ထားပြီး နှုတ်ဆိတ်နေလိုက်သည်။

...

တစ်ဖက်မှ အနားမှာ အပျော်ကြူးနေကြသူများ ရှိနေသည့် ချန်ကျန်း .. ဖုန်းကို ဆုပ်ကိုင်ထားရင် နှုတ်ခမ်း မဲ့လိုက်သည်။

သူ လင်းချန် ဘယ်လို တုံ့ပြန်လာမလဲဆိုတာ စောင့်နေတာ ဖြစ်သည်။

မထင်မှတ်ထားစွာ တစ်ဖက်မှ လုံးဝ တိတ်ဆိတ်နေ၏။ အသက်ရှုသံလေးပင် မကြားရ။

ရုတ်တရက် ရယ်သံတစ်ချက် ကြားလိုက်ရသည်။ အသံက ခပ်ပေါ့ပေါ့၊ တစ်ယောက်ယောက်ကို ရှုံ့ချနေသလိုမျိုး ..

နောက်တော့ ဖုန်းချသွား၏။

ချန်ကျန်းနား ဝိုင်းနေသည့် အမျိုးသမီးများက သူ့ကို ဂုဏ်ပြုအရက် သောက်ဖို့ ပြောလာပေမဲ့ သူ အဝေးကို တွန်းထုတ်လိုက်သည်။ သူ ဖုန်းကို ပြန်ချထားလိုက်ကာ ဖန်ခွက်ထဲမှ အရက် တစ်ငုံ သောက်လိုက်၏၊ ခါးသီးမှု နှင့် ငြီးငွေ့မှုတို့ကို ခံစားလိုက်ရသည်။

သူ အဲ့ဒီလူတွေကို သူမအား ပါးရိုက်ဖို့ ခိုင်းစေခဲ့သည် - အရမ်းလည်း မကြမ်းစေရ၊ ဒါပေမဲ့ သတိပေးချက် တစ်ခု ဖြစ်လောက်အောင်တော့ အားပါရမည်။

အဲ့ဒီနောက် သူမအား ဖုန်းဆက်ရန် အချိန်ကို ကျေကျေနပ်နပ်ကြီး စောင့်နေခဲ့၏။ မျက်ရည်တွေ၊ ကြောက်လန့်နေတာတွေ၊ ဒေါသတကြီးနဲ့ အော်ဟစ်နေမည်လား၊ ဒီလို တုံ့ပြန်မှုတွေကို သူ မျှော်မှန်းထားခဲ့သည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now