Chapter - 71

2.2K 234 34
                                    

Chapter 71: လွဲမှားနေတဲ့အရာတွေက အမှန်တွေ ဖြစ်လာတယ်

ယခုလို တင်းမာနေသည့် အခြေအနေအတွင်း လူအားလုံးပင် သူတို့ရဲ့ ယုံကြည်မှုများကို ဆုပ်ကိုင်ကာ ကိုယ်စီ ရုန်းကန်နေကြရပြီ။ လီကျစ်ချန်း နှင့် လင်းချန် တို့က ပြည်ပကုမဏီများ၏ တိုက်ခိုက်မှုမှ အိုက်ဒါအား ကာကွယ်နေကြရသလို၊ ချန်ကျန်းသည်လည်း SMQ ရဲ့ အထွေထွေမန်နေဂျာချုပ်ရာထူး နှင့် သူ့အတွက် ရမည့် အကျိုးအမြတ်တို့ကို ကာကွယ်ဖို့ ကြိုးစားနေကြရသည်။ ချားလ် က တရုတ်နိုင်ငံထဲ DG ရဲ့ လည်ပတ်လုပ်ဆောင်မှု ပိုမိုတိုးတက်အောင် ရုန်းကန်နေရသည်။ သူက ရုံးချုပ်မှ ပေးအပ်လာသည့် လုပ်ငန်း၏ ရည်မှန်းချက်ကို ရရှိရန် နှင့် တရုတ်လူမျိုး ဝယ်ယူသူများ အား မိမိတို့၏ ပထမတန်းစား ထုတ်ကုန်များနှင့် အထောက်အပံ့ပြုပေးနိုင်ရန် ဆိုသည့် နှစ်ချက်လုံး အောင်မြင်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ထား၏။

ငွေကြေးရင်းနှီးမြှုပ်နှံသူ မန်နေဂျာများအတွက် အလုပ်လုပ်နေကြသည့် လင်းမော့ချန်းသည်လည်း အလုပ်ထဲ နစ်နေသည်။ နယူးဘိုရီ နှင့် အိုက်ဒါ အား ရှယ်ယာဝယ်ယူခြင်း လုပ်ငန်းစဉ် မဖြစ်မြောက်သေးသော်လည်း သူတို့ အဖွဲ့ကတော့ ထိုကုမဏီ နှစ်ခုလုံးရှိ ရှယ်ယာရှင်များထံ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေကြသည်။ ငွေကြေးကွာဟမှုများ၊ စိတ်ပြောင်းလဲရန် မရှိသူများ အားလုံး သူတို့ လက်ထဲ အမိခံကြရပြီး၊ ရလိုသည့် ပစ်မှတ်အား နည်းနည်းချင်း သိမ်းယူနေကြ၏။

လင်းမော့ချန်း ချားလ် နှင့် အစည်းအဝေးလုပ်ပြီး လင်းမြို့ထဲရှိ သူ့ရုံးခန်းသို့ ပြန်ရောက်လာချိန်မှာ မှောင်ရီပျိုးစပင် ဖြစ်နေလေပြီ။ လျှောက်လမ်း၏ အဆုံး၌ သူ့ရုံးခန်း တည်ရှိ၏။

ည ချဉ်းကပ်လာပြီ။ လင်းမော့ချန်းက လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ပြီးနောက် လက်တို့ကို အိတ်ကပ်ထဲ ထည့်ကာ သက်တောင့်သက်သာ လျှောက်လှမ်းလာ၏။ အစည်းအဝေးခန်းမကို ဖြတ်သွားရချိန်၊ အတွင်းမှ စူးရှသော မီးအလင်းရောင်ကို မြင်နေရသည်။ အိုက်ဒါ၏ ရှယ်ယာ ဝယ်ယူမည့် အဖွဲ့ နှင့် အနောက်တိုင်း ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်တို့ စကားပြောနေကြ၏။ ထိုလူ့အား မြင်ဖူးနေသည်။ ညီမဖြစ်သူ လင်းချန် အတွက်ကြောင့် အိုက်ဒါ ရှိ အကြီးအကဲပိုင်းများ၏ အချက်အလက်များအား သူ ဖတ်ထားခဲ့ပြီး ဖြစ်သည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now