Chapter - 77

2.3K 261 12
                                    

Chapter 77: အရိုးများထိအောင်

သုံးလခန့် ကြာပြီးနောက်..

ဤသုံးလဟာ တရုတ်နိုင်ငံအတွင်း DG ၏ စီးပွားရေး တိုးတက်မှု အကောင်းဆုံး အချိန်တို့ ဖြစ်ခဲ့ပါ၏။ ချားလ်နှင့် ချန်ကျန်းတို့အတွက် ယခင် သူတို့ မကြုံဖူးခဲ့သော၊ နောက်ထပ် တွေ့ကြုံရမည်လည်း မဟုတ်သော သူတို့ ဘဝရဲ့ အတောက်ပဆုံးသော အချိန် သုံးလတာ ဖြစ်ခဲ့ပါသည်။ ချန်ကျန်းက သူ့ကိုယ်သူ ဘဝရှေ့ရေးတွေးကာ အံ့မခန်း အိပ်မက်တစ်ခု မက်နေသည့်အလား ပျော်ရွှင်ကျေနပ်နေချိန် ဖြစ်သည်။ အင်မတန် ချိုမြိန်ဖွယ်ကောင်းသော၊ စွဲမက်ဖွယ်ကောင်းသော ၊ သူဘယ်တော့မှ ပြန် မနိုးထချင်မိအောင် ဖြစ်မိသော အိပ်မက်တစ်ခု။

ချန်ကျန်းတစ်ယောက် သူ့ဘဝရဲ့ အလှပဆုံးသော အချိန်ပိုင်းလေးကို စွဲမက်ကြည်နူးနေသော အချိန်..

ညတစ်ည .. လင်းမြို့ရှိ နန်ယွဲ့ ကြယ်ခြောက်ပွင့်ဟိုတယ် အတွင်းတွင် ၊ ဟိုတယ်မှ မီးအလင်းရောင်တို့ တောက်ပထိန်ငြီးနေပြီး၊ သားနားစွာ ဝတ်ဆင်ထားသော ဧည့်သည်တို့ဖြင့် ပြည့်နေ၏။ မျက်နှာစာဘက်တွင် DG China အမှတ်တံဆိပ် တို့က ခမ်းခမ်းနားနား တလူလူ လွင့်လျက်၊ သူတို့ရဲ့ အောင်မြင်ခဲ့သော ပုံရိပ်များ ၊ ရလဒ်များကို ပြသနေခဲ့သည်။

"DG China ရဲ့ နှစ်အလိုက် အရောင်းပမာဏ ဟာ သန်း ၅၀၀ အထိ ရောက်ရှိခဲ့ပါပြီ"

"ZAMON ဟာ တရုတ်နိုင်ငံအတွင်းမှာ လွှမ်းမိုးမှု အရှိဆုံး နံပါတ်တစ် အဖြစ် ကြေငြာသတ်မှတ်ခြင်း ခံရပြီ"

"ဈေးကွက်ရှယ်ယာ ၂၅ ရာခိုင်နှုန်း ကျော်ပြီဖြစ်သော"

"လအလိုက် ရောင်းအား တိုးတက်မှုနှုန်း ၃၀၀ ရာခိုင်နှုန်း"

ယနေ့သည် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ရက်ဖြစ်ပြီး၊ DG China ရဲ့ နှစ်ကုန် အခမ်းအနား ကျင်းပနေခဲ့သည်။

ညိမ့်ညောင်းသော နောက်ခံတေးဂီတ တို့နှင့်အတူ လူအများ၏ အာရုံကို ဆွဲဆောင်ထားသည်က - ထိန်းငြီးသော အလင်းရောင်များအောက် သူ့ရဲ့ တန်ဖိုးအကြီးဆုံး ဝတ်စုံတို့ဖြင့် ၊ ပြုံးမြသော မျက်နှာထားနှင့်အတူ စင်မြင့်ပေါ် တက်လာသည်က .. ချားလ်။ သူက ပြီးခဲ့သည့် နှစ်အတွင်းရှိ DG China ရဲ့ ရလဒ်များကို ကြေငြာနေခဲ့သည်။ သူ့ရဲ့ ဟာသဖောက်တတ်သော ထင်မြင်ချက်များ၊ သူ့ရဲ့ ပါးပါးနပ်နပ် ပြက်လုံးတို့ကြောင့် လူအများ တဝါးဝါး ပွဲကျကာ အားပေးလက်ခုပ် တီးနေကြသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now