Chapter - 78

2.3K 231 7
                                    

Chapter 78: အနောက်တိုင်း စတိုင်လ်

နေရောင်ခြည်တို့ အစည်းအဝေးခန်းထဲသို့ ဖြာကျနေသည်။ လင်းချန် လပ်တော့ပ် ကို ပိတ်ကာ ထရပ်လိုက်၏၊ လူက နွမ်းနယ်နေသော်လည်း စိတ်ချမ်းသာနေသည်။

ပင်ပန်းရသူက သူ တစ်ယောက်တည်း မဟုတ်၊ သူ နှင့် အလုပ်အတူ လုပ်နေကြသည့် လူငယ်လေးများ အားလုံး နီရဲနေသည့် မျက်လုံး၊ တွန့်ကြေနေသော ရှပ်နှင့် ပွယောင်းယောင်း ဆံပင်တို့ဖြင့် ဖြစ်နေကြပြီ။ သူတို့ မျက်ဝန်းတွေကတော့ ကြယ်ပွင့်လေးများအလား တောက်ပနေ၏။ "ငြို့ငင်" တံဆိပ် အိတ်များက အိတ်လုပ်ငန်း လောကထဲ အတောက်ပဆုံးသော ကြယ်ပွင့်လေး ဖြစ်လာရပြီ။

ပထမဆုံး ထုတ်လုပ်မှုအတွက် ကြော်ငြာများ ထုတ်လွင့်ပြီး ငါးရက်မြောက်နေ့။ ရောင်းအားက ဗင်ဒါ နှင့် အိုက်တို တုန်းကလိုပင် တဟုန်ထိုး တက်လာပြီး၊ ထိုနောက်ကွယ်မှာတော့ အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ရမှုများ ရှိနေသည်။ လင်းချန်မှာ သည်ရက်များအတွင်း စုစုပေါင်း အိပ်ခဲ့ရချိန် ဆယ်နာရီပင် ပြည့်ရဲ့လား မသေချာ။ သတိပင် လစ်ရလုမတတ် ဖြစ်ရသော်လည်း တစ်ကိုယ်တော် ထင်တိုင်းကြဲရသော အရသာကို ကြိုက်နှစ်သက်နေဆဲဖြစ်ပြီး ၊ ထိုမနက်မှာတော့ ရောင်းချမှုဆိုင်ရာ အစည်းအဝေး ထိုင်နေခဲ့ရသည်။

နောက်ဆုံးတော့ ခဏလောက် ရပ်တန့်ပြီး အနားယူလို့ ရနိုင်ပြီ။

ထိုလူများအားလုံး အိုက်ဒါမှ ဖြစ်ပြီး ၊ အများစုမှာ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ဝန်ထမ်းများ ဖြစ်ကြသည်မို့ လင်းချန်အတွက် အထူးတလည်မျက်နှာထုတ်ပြနေစရာ မလိုတော့ပေ။ သူ အသက်ပြင်းပြင်း ရှိုက်ရှုရင်း ..

"အောင်မြင်မှု ဆိုတာ တို့တွေ ဖန်တီးနိုင်တဲ့ သမိုင်းတစ်ခုပဲ။ ရောင်းအားလည်း တက်နေပြီ ဆိုတော့ တို့တွေ နည်းနည်းလောက် နားလို့ရပြီ၊ အားလုံးကို ဒီနေ့ တစ်ရက် နားရက်ပေးမယ်။ မနက်ဖြန် ကျမှ ဒုတိယအဆင့် အရောင်း မြှင့်တင်ရေးအတွက် ပြင်ဆင်ကြတာပေါ့။"

လူအားလုံးပင် ပြုံးပျော်ကြကုန်၏။

လင်းရဲ့ အတွင်းရေးမှုးက ထရပ်ကာ စိတ်ပူတဲ့ လေသံနဲ့..

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now