Chapter - 70

2.3K 230 9
                                    

Chapter 70: ကိုယ်ဖော်တဲ့ဆေး ကိုယ် ပြန်သောက်ရခြင်း

ဒီလို ရှုပ်ယှက်ခတ်နေတဲ့ စီးပွားရေး တိုက်ပွဲကြားထဲ လီကျစ်ချန်း နှင့် လင်းချန်မှလွဲလျှင် ဘေးလူအဖြစ် ခေါင်းအအေးဆုံး အကဲဖြတ် သုံးသပ်နေနိုင်သူမှာ .. နင်းဝေ့ခိုင်း ၊

အချိန်က နေသာသော နေ့လည်ခင်းတစ်ခု ။

သူ့ရုံးခန်းရှိ မှန်သားနံရံကြီးရှေ့ ရပ်ရင်း အပြင်ဘက်ရှိ အေးချမ်းနေသော မြို့ပြမြင်ကွင်းကို ကြည့်ငေးရင်း စဉ်းစားနေမိသည်။

ပထမဆုံး သူ လီကျစ်ချန်းနှင့် မိတ်ဖက်ဖွဲ့မိချိန် ၊ ထိုလူ ပြောခဲ့သည့် တိုက်ပွဲအတွက် ဗျူဟာ အမိန့်စကားတို့က .. "ကျတော်က ဝယ်ယူသူတွေရဲ့ ရင်ထဲ စွဲနေတဲ့ ပြည်ပတံဆိပ်မှ ကောင်းတယ် ဆိုတဲ့ ထင်မြင်ချက်ကို ကာကွယ်ဖို့ နံရံတစ်ခု တည်ဆောက်ဖို့ တာဝန်ယူပေးမယ်။" ဟူသည့်စကား ..

သူ ဘာတွေ ဘယ်လို လုပ်မည် ဆိုသည်ကို မပြောပြခဲ့သလို နင်းဝေ့ခိုင်းလည်း မမေးခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်နှင့် တစ်ယောက်လည်း အပြည့်အဝကြီး ယုံကြည်ကြသေးတာ မဟုတ်၍၊ ဝေ့ခိုင်း မထင်ထားမိသည်က လီကျစ်ချန်း မိမိအား ပြောခဲ့သည့် စကားမှာ သူ့ ကုမဏီရဲ့ သေရေး ရှင်ရေး အထိ အဆုံးအဖြတ်ပေးနိုင်သော ဆုံးဖြတ်ချက် ၊ အရေးအပါဆုံးသော ခြေလှမ်း ဖြစ်နေမည် ဆိုတာကိုပင်။

သို့သော် အခု ပြန်စဉ်းစားကြည့်တော့ ဒီလူရဲ့ နည်းဗျူဟာတွေက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းနေသည်။

အဲ့ဒါက ဘာလဲဆိုတော့ .. လီကျစ်ချန်း ပြောခဲ့သည့် စကားက "DG" ကို ခုခံ ရန် မဟုတ်၊ ပြည်ပ တံဆိပ်တွေ ကို ဟု ပြောခဲ့ခြင်း။ ယခု သူက ဈေးကွက်ထဲ ပြည်ပတံဆိပ်ပေါင်းစုံ ကောင်းတာရော၊ ဆိုးတာရောပါ အကုန် ရောသွင်းလာပြီး ဈေးကွက်တစ်ခု ဖန်တီးကာ ဝယ်ယူသူများ၏ ထင်မြင်ချက်ကို ရောထွေးစေခဲ့သည်။

ပြည်ပတံဆိပ်တစ်ခုကို ချေမှုန်းရန် ပေမဲ့၊ လီကျစ်ချန်းက တစ်ခါတည်း အကုန်လုံး ချေမှုန်းပစ်လိုက်ခြင်း၊

ဒီအကြောင်း စဉ်းစားမိတော့ နင်းဝေ့ခိုင်း စိတ်ထဲ မသက်မသာ ဖြစ်လာမိသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now