Chapter - 21

2.9K 344 2
                                    

Chapter 21: မျှော်လင့်ချက်တို့ ဆက်ထားပါ။

ထိုစကားတို့ လင်းချန်၏ နှုတ်မှ ထွက်ကျလာပြီးနောက် .. သူ့ရင်ထဲက နှလုံးသားလေး အမြင့်မှာ ချိတ်ဆွဲခံထားရသလို .. မတည်ငြိမ်နိုင်စွာ တလှပ်လှပ်ခါနေရ၏။

"အိုကေ" ဒါကတော့ လီကျစ်ချန်း၏ တစ်ခွန်းတည်းသော စကားပါ။

လင်းချန် ဖုန်းချလိုက်သည်။ သူ့တစ်ကိုယ်လုံး ရေခဲငွေ့များဖြင့် ဖုံးလွှမ်းနေသလို ခံစားရနေပေမဲ့ လက်တွေက ပူနွေးပြီး ချွေးစေးများ ပြန်နေသည်။

အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်မှာ ကုယန်ကျစ် ဝင်လာသည်ကိုပင် မသိလိုက်။ ကု က လင်းချန်ကို တံခါးပေါက်နားမှ မကြည်သာသော မျက်နှာထားဖြင့် ကြည့်နေသည်။

"ငါ သိထားပြီးပြီ။" သူက ပြောလာ၏။ "ငါတို့ အခုတော့ ကံကိုပဲ ယုံပြီး ပုံရတော့မှာပေါ့။"

လက်သည်းတွေ ကိုက်နေမိတဲ့ လင်းချန် .. သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ဒါကတော့ ကြီးကြီးမားမား အရဲစွန့် လိုက်ခြင်းပင်၊ လောင်းကြေးက သန်း ၂၀ တန်၏။ သို့သော် ဒါသည်ပဲ မိမိတို့အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်လေ။

ဒီလောင်းကြေးက သူတို့ရဲ့ အားကောင်းလှသည့် လိုအင်ဆန္ဒများကို သယ်ဆောင်ထားသည် - အကြောက်တရား၊ ကံကြမ္မာ၊ မတတ်သာမှု နှင့် လက်မလျှော့ချင်သော စိတ်ထားတို့ပင်။

နှစ်ယောက်သား ရုံးခန်းထဲမှ အတူထွက်လာကြသည်။

"မန်နေဂျာကု " လင်းချန်က အသံနှိမ့်ကာ .. "ကျမတို့ နောက်တစ်ဆင့်ကို ဖြည်းဖြည်းချင်းပဲသွားပြီး အွန်လိုင်းပရိုမိုးရှင်းကို အချိန်ဆွဲထားလိုက်ရင်ရော.."

သည်စကားများ လင်းချန်ထံမှ ထွက်လာသည့်အခါ ဆန်းကြယ်စွာပင် မိမိစိတ်များ တည်ငြိမ်နေပြီဖြစ်ကြောင်း သိလာ၏၊ သို့ပေမဲ့ ရင်ကတော့ အခုန်မြန်နေဆဲပင်။

မထင်မှတ်ထားစွာ .. ကုယန်ကျစ်က လင်းချန်ဘက် လှောင်ထေ့ထေ့ အပြုံးဖြင့် ကြည့်လာသည်။ ဒီလိုအခြေအနေမှာ သူ ဘယ်လိုလုပ်များ ရယ်နေနိုင်ရတာလဲ။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now