Chapter - 1

29.8K 1.6K 17
                                    

[Zawgyi]

နဉ်ရှု ဆေးရုံခုတင်ဘေးမှာ ရပ်နေလိုက်သည်။ အဖြူ ရောင်ကုတ်ကိုဝတ်ထားတဲ့ ဆရာဝန်တစ်ယောက်က ခုတင်ပေါ်က မိန်းမငယ်လေးကို ကယ်တင်ဖို့ ကြိုးစားနေခဲ့သည်။

နဉ်ရှု ခုတင်ပေါ်က မိန်းကလေးကို ကြည့်လိုက်သည်။ သူမရဲ့မျက်နှာက ဖြူ ဖျော့နေပြီး ခေါင်းမှာလည်း ဆံပင်တစ်မွှေးမှ မရှိပေ။ သူမမှာ မျက်ခုံးမွှေးတောင် ရှိမနေခဲ့ပါ။ သူမလေးဟာ ခုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့လေသည်။

"မျက်ခုံးမွှေးမရှိတဲ့သူတွေက ရယ်ချင်စရာပဲ။"

မျက်ခုံးမွှေးမရှိတာအတွက် နဉ်ရှုပူပန်နေရန် အချိန်မရှိပေ။ သေတာက ကြောက်ဖို့မကောင်းသလို နာလည်းမနာချေ။ အခု နဉ်ရှုနာကြင်မှုကို မခံစားရတော့။

မှန်ပါသည်။ နဉ်ရှု သေဆုံးသွားခဲ့ပြီ။ သူမက သူမရဲ့အလောင်းကို ရပ်ကြည့်နေခြင်းဖြစ်သည်။ နဉ်ရှု သူမရဲ့ကိုယ်ထဲကို ပြန်ဝင်ဖို့ ကြိုးစားကြည့်သေးသည်။ ဒီကိုယ်က ရောဂါတွေရဲ့ နှိပ်စက်မှုကို ခံနေရရင်တောင်မှ သူမအသက်ရှင်ချင်နေတုန်းဖြစ်သည်။

လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်နဲ့ နဉ်ရှု အသားမကျသေး။

ထိုအချိန်မှာပဲ အခန်းတံခါးပွင့်သွားကာ လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲဝင်လာသည်။ သူတို့က နဉ်ရှုရဲ့အလောင်းကို ပြေးဖက်ပြီး ငိုကြွေးနေခဲ့ကြသည်။ သူတို့နောက်က လိုက်ဝင်လာတဲ့လူနှစ်ယောက်ကတော့ နဉ်ရှုရဲ့ အစ်ကိုကြီးနှစ်ယောက်ဖြစ်သည်။

နဉ်ရှု သူမအမေကို ဖက်ချင်လာတာကြောင့် အနားကိုသွားပြီး လှမ်းဖက်လိုက်သည်။ သို့သော် သူမ၏လက်နှစ်ဖက်က သူမအမေရဲ့ကိုယ်ကို ဖောက်ထွက်သွားလေသည်။

"အမေ...ဝမ်းမနည်းပါနဲ့။ နောက်ဆုံးတော့ ညီမလေး လွတ်လပ်သွားပြီ။ ညီမလေးက တစ်ခြားကမ္ဘာမှာ ရှိနေမှာပါ။"

နဉ်ရှုရဲ့ အစ်ကိုအကြီးဆုံးက သူမရဲ့အမေကို နှစ်သိမ့်ပေးလေသည်။

နဉ်ရှု ဘေးလူတစ်ယောက်လိုမျိုး သူတို့ကိုရပ်ကြည့်နေခဲ့ရသည်။ သူမလွတ်လပ်သွားပြီဖြစ်သည်။ သူမအသက် ဆယ့်ငါးနှစ်ကတည်းက ဆေးရုံမှာပဲနေခဲ့ရသည်။ သူမ အပတ်တိုင်း တစ်ပတ်ကို နှစ်ခါ ဓာတ်ရောင်ခြည် ကုသမှုကို ခံယူရသည်။ အရိုးခိုက်အောင်နာတဲ့နာကြင်မှုကို သူမဆယ်နှစ်ကျော် ခံခဲ့ရသည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now