Chapter - 4 (Ace Academy)

11.4K 1.4K 5
                                    

[Zawgyi]

နဉ်ရှုတစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲနေချေသည်။ ဒီကောင်မစုတ်လေးတွေက တကယ်ကို မညှာတာဘူးပဲ။ နဉ်ရှု ဒီကမ္ဘာရဲ့ဇာတ်ကြောင်းကို လက်မခံခင် သူမရဲ့စိတ် တည်ငြိမ်သွားစေရန် အချိန်ခဏလောက် စောင့်လိုက်ရလေသည်။

Ace Academyသည် တော်ဝင်ကျောင်းတစ်ကျောင်းဖြစ်ပြီး လူချမ်းသာမိသားစုက သားသမီးတွေသာ တက်နိုင်လေသည်။ စာသင်နှစ်တိုင်းရဲ့ အဆင့်သတ်မှတ်ချက်တွေကို ငွေဖြင့်သာဆုံးဖြတ်လေရာ ချမ်းသာပြီး အာဏာရှိသော မိသားစုမှကလေးများအတွက် သက်သာသော နေရာပင်ဖြစ်လေသည်။

သို့သော်လည်း တစ်နေ့တွင်တော့ ရုပ်ဆိုးဆိုးဘဲမလေးသည် လှပတဲ့ငန်းများသားရှိနေသော အနှီနေရာကို ရောက်လာတော့သည်။ သူမရဲ့ဖြစ်တည်မှုက တန်ဖိုးကြီးလှပတဲ့ ပန်းချီကားကို ဖျက်ဆီးနေသော ပန်းချီပေါ်က အစွန်းအထင်းတစ်ခုလိုပင်။ ထို့ကြောင့်ပင် ဘဲရုပ်ဆိုးလေးသည် အားလုံးရဲ့မုန်းတီးမှုကို ခံရပြီးဆိုးရွားလှသော အနိုင်ကျင့်မှုများကို ကြုံရလေသည်။

ကျောင်းတိုင်းမှာ ကမ္ဘာ့စီးပွားရေးဈေးကွက်ကို ကိုင်လှုပ်နိုင်တဲ့ မိသားစုနောက်ခံရှိပြီး ကမ္ဘာပေါ်က အကောင်းဆုံးတွေကိုသာ ပိုင်ဆိုင်ထားတဲ့ ချမ်းသာပြီး ရုပ်ရည်ချောမောတဲ့ မင်းသားလေးတစ်ပါးကတော့ သေချာပေါက်ရှိသည်သာ။

Aceမှာတော့ ထိုကဲ့သို့သော မင်းသားသုံးပါးတောင် ရှိလေ၏။ အနှီမင်းသားသုံးပါးလုံးသည် ဘဲရုပ်ဆိုးမလေးအပေါ် ထူးခြားသော ခံစားမှုအမြင်များ ရှိနေကြသည်ပင်။

အမှန်တော့ ထိုကိစ္စသည် နဉ်ရှုနှင့်မသက်ဆိုင်ပေ။ သူမက ဘဲရုပ်ဆိုးမှ မဟုတ်တာ။

နဉ်ရှုဝင်နေရသည့် ခန္ဓာကိုယ်အမည်က လင်ကျားကျား။ အထက်တန်း ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်သည်။ သူမမိသားစုက ကုမ္ပဏီပိုင်ရှင်များဖြစ်သည်။ သူမအတွက်တော့ Aceမှာ ပညာသင်ကြားရတာ ကံဆိုးခြင်းသာဖြစ်သည်။ လူတိုင်းနီးပါးက သူမကို အော်ဟစ်အကူအညီတောင်းရလောက်အောင် အနိုင်ကျင့်ကြသောကြောင့်ပင်။

သူမအနေဖြင့် ဘဲရုပ်ဆိုးမကို ဆန့်ကျင့်မိသောကြောင့်ဖြစ်လေသည်။ အနှီဘဲရုပ်ဆိုးမ၏ ကိုယ်ထဲကဝိဥာဉ်သည် အမှန်မှာတော့ ကျင့်ကြံခြင်းလောကမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူမ၏ ခန္ဓာကိုယ် ဖျက်ဆီးခံရပြီးနောက်မှာ အမျိုးသမီးကျင့်ကြံသူ၏ ဝိဥာဉ်သည် ဘဲရုပ်ဆိုးမလေး၏ ကိုယ်ထဲသို့ ဝိဥာဉ်ကူးပြောင်းလာခဲ့သည်။ အာဏာရှိသော လူကြီးတစ်ယောက်၏ ရောဂါကို ဝိဥာဉ်စွမ်းအင်ဖြင့် ကုသပေးနိုင်ခဲ့သဖြင့် သူမAceကို ဝင်ခွင့်ရလာခြင်းဖြစ်သည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now