Chapter - 29 (အပြန်အလှန်အကျိုးရှိဖို့။)

7.3K 1.1K 4
                                    

[Zawgyi]

ညသန်းခေါင်လောက်အထိ နဉ်ရှုစောင့်နေပြီးမှ ကျောင်းဆရာဝန်ရောက်ရှိလာလေတယ်။ သူက လသာဆောင်ကနေ တွယ်တက်ပြီး လာခဲ့တာဖြစ်တယ်။ ဝင်လာပြီးတဲ့နောက်မှာ သူကအခန်းဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်။

နဉ်ရှုက သူမရဲ့ မကျေနပ်ချက်လေး နည်းနည်းကိုတောင် မပြရဲဘဲ ခုံပေါ်ကယောက်ျားအတွက် လက်ဖက်ရည်သွားဖျော်လေတယ်။

ဆရာဝန်က အနက်ရောင်လေကာအင်္ကျီကိုပဲ ထပ်ဝတ်ထားပြန်တယ်။ အရင်ကတစ်ထည်ပဲလားဆိုတာ သူမမသိတော့ပေ။ သူ့ရဲ့လေကာအင်္ကျီကိုမြင်တိုင်း သူမမေးခွန်းအများကြီး ဆက်တိုက်မေးလိုက်ချင်ပေမယ့်လည်း ဘယ်ကနေစမေးရမှန်း မသိချေ။

ကျောင်းဆရာဝန်က နဉ်ရှုကို ကြည့်လိုက်ပြီး ရေနွေးဖြူ ခွက်ကို ယူလိုက်လေတယ်။ ဒါပေမယ့် ခွက်ကိုကြည့်ပြီး ပြန်ချလိုက်ကာ သားရေအဖုံးအောက်မှာရှိတဲ့ ပစ္စည်းတစ်ခုကိုယူပြီး နဉ်ရှုဆီ ပစ်ပေးလိုက်တယ်။ နဉ်ရှု အဲ့ဒါကို အလောတကြီးဖမ်းလိုက်ရလေတယ်။ သူမ ကျောင်းဆရာဝန်ကို ကြည့်လိုက်ပြီး ပစ္စည်းကို ဖွင့်ကြည့်လိုက်တယ်။ တကယ်တော့ ဒါကပစ္စတိုတစ်လက်ပဲဖြစ်တယ်။

အရင်တစ်လက်လိုမျိုး အရမ်းကြီးမလေးဘဲ ဒီတစ်လက်က ပေါ့ပါးပြီး သုံးရတာ လွယ်ကူမယ့်ပုံပေါ်လေတယ်။

"အဲ့ဒါက မိန်းကလေးတွေကိုင်တဲ့ ပစ္စတိုပဲ။ လုံခြုံတဲ့ခလုတ်နှစ်ခုရှိပြီး မင်းသုံးဖို့ သင့်တော်တယ်။"

ကျောင်းဆရာဝန်က မခြားနားစွာပဲပြောလေတယ်။

နဉ်ရှု ကျောင်းဆရာဝန်ကို မျက်ရည်အပြည့်နဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး နှာရှုပ်လိုက်တယ်။

"အန်ကယ်...တကယ်တော့ ရှင်ကလူကောင်းပဲ။ ကျွန်မ ဘယ်လိုပြန်ပေးဆပ်ရမလဲတောင် မသိတော့ဘူး...။"

"မင်းခန္ဓာကိုယ်နဲ့ ပေးဆပ်တာ ငါမလိုချင်ဘူးနော်။ မင်းကရုပ်ဆိုးတယ်။"

ကျောင်းဆရာဝန်က သူမကိုအဖက်မတန်သလို ကြည့်လိုက်ပြီး ကဒ်တစ်ခုလှမ်းပေးတယ်။

"ဒါက သေနတ်ပစ်လေ့ကျင့်ကွင်းရဲ့နေရာပဲ။ မင်းအဲ့ဒီကို သွားသင်လို့ရတယ်။"

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Donde viven las historias. Descúbrelo ahora