Chapter - 41 (ဗုံးတစ်လုံးကိုရင်ဆိုင်တဲ့အခါ)

7.2K 1.1K 10
                                    

[Zawgyi]

သူတို့ ဝေးလံတဲ့နေရာမှာရှိတဲ့ စံအိမ်တစ်လုံးကိုရောက်တဲ့အထိ လင်းရွှယ်နောက်က လိုက်လာကြတယ်။ ကျောင်းဆရာဝန်က နဉ်ရှုကိုလှည့်ကြည့်ပြီး မေးလိုက်တယ်။

"ကောင်မလေး...မင်းဘာလို့ ငါ့ကို ထူးဆန်းတဲ့ပုံနဲ့ ကြည့်နေရတာလဲ?"

နဉ်ရှု သူမရဲ့အကြည့်ကိုရုတ်သိမ်းလိုက်တယ်။ ဒါပေမယ့် သူမက ကျောင်းဆရာဝန်ကို လူထူးဆန်းတစ်ယောက်လို့ သတ်မှတ်ပြီးလေပြီ။ သူက အမျိုးသမီးဇာတ်လိုက်ကို ပိုးပန်းချင်တာမဟုတ်ဘဲ ပြန်ပေးဆွဲချင်နေတာဖြစ်တယ်။ သူက ပုံမှန်အတိုင်း မလုပ်တတ်ဘူးပဲ။

သူတို့ရှေ့က ကားရပ်သွားတယ်။ ထိုလူက လင်းရွှယ်ကို ကားထဲကနေပွေ့ချီကာ အဆောက်အဦးထဲခေါ်သွားလေတယ်။

နဉ်ရှု သူမရဲ့ထိုင်ခုံခါးပတ်ကို ဖြည်လိုက်ပြီး သူတို့နောက်ကနေ ခိုးကြောင်ခိုးဝှက်လိုက်သွားလိုက်တယ်။ သူမဘေးကိုကြည့်လိုက်တဲ့အခါ ကျောင်းဆရာဝန်က ထင်ထင်ရှားရှားကြီးရပ်နေတာကို တွေ့လိုက်ရလေတယ်။ သူက ပုန်းကွယ်ဖို့အတွက် နည်းနည်းလေးတောင် ငုံ့လျှိုးမနေချေ။

ကျောင်းဆရာဝန်က နဉ်ရှုကို ထူးဆန်းစွာကြည့်ပြီး မေးလိုက်တယ်။

"မင်းဘာလုပ်နေတာလဲ?"

"ကျွန်မ ပုန်းနေတာ..ပုန်းနေတာလေ..ရှင်သိရဲ့လား? မြန်မြန် ဝပ်ချလိုက်။"

နဉ်ရှုက ပြောလိုက်တယ်။

ကျောင်းဆရာဝန်က အေးစက်စွာရယ်လိုက်ပြီး စံအိမ်ထဲကို ဟိတ်ဟန်ထုတ်ကာ ဝင်လိုက်ပြီး ပြောလေတယ်။

"ဒီမှာ စောင့်ကြည့်ကင်မရာတွေမရှိဘူး။ ရှိရင်တောင်မှ မင်းပုန်းနေတဲ့ပုံစံက အသုံးမဝင်ဘူး။"

နဉ်ရှု - .....

နဉ်ရှု ကျောင်းဆရာဝန်နောက်က လိုက်ပြီး စံအိမ်ထဲကိုဝင်လိုက်တယ်။ ဒီနေရာက အမြဲတမ်းနေထိုင်ပုံ မရပေ။ ဒီအခိုက်မှာပဲ စကားပြောသံတွေက ဒုတိယထပ်ကနေ ထွက်ပေါ်လာတယ်။ ကျောင်းဆရာဝန်က သူ့သေနတ်ကိုထုတ်လိုက်ပြီး နံရံကို အကာအကွယ်ယူလို့ လှေကားပေါ်တက်သွားလေတယ်။ နဉ်ရှု သူ့နောက်ကနေ ခြေဖော့နင်းပြီး လိုက်သွားတယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now