Chapter - 14 (နင်က မိဘမဲ့တစ်ယောက်ပဲ!)

8.5K 1.4K 12
                                    

[Zawgyi]

နောက်တစ်ရက်မှာတော့ နဉ်ရှုဟာ ကျောင်းနားမှာရှိတဲ့ တိုက်ခန်းတစ်ခန်းကို ငှားရမ်းလိုက်လေသည်။ တိုက်ခန်းလေးက သေးလွန်းတယ်ဆိုပေမယ့် သူမအတွက်တော့ နေဖို့လုံလောက်ပေသည်။ သူမက သူမရဲ့ပစ္စည်းတွေကို တိုက်ခန်းဆီရွှေ့လိုက်ပြီး ချောင်ကြိုချောင်ကြားထောင့်တွေပါမကျန် သေချာရှင်းလင်းတော့သည်။

သူမရဲ့ တိုက်ခန်းလေး သန့်ရှင်းတောက်ပြောင်သွားမှသာ နဉ်ရှုကျေနပ်သွားသည်။ ချွေးတွေ ချွဲနစ်လို့နေရင်း သူမခါးထောက်ပြီး ရပ်လိုက်သည်။ ဒီလိုမျိုး ချွေးထွက်တာက တကယ်နေလို့ကောင်းတယ်။ အရင်ဘဝတုန်းက ဖျားနာခြင်းဟာ သူမရဲ့ကိုယ်ကို များစွာပျက်စီးစေခဲ့လေသည်။ သူမဟာ နေ့ရှိသရွေ့ ခုတင်ပေါ်မှာ လှဲနေခဲ့ရပြီး လမ်းတောင်မလျှောက်နိုင်ပေ။ မသန်စွမ်းတဲ့ လူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်၍ မရပေ။

နဉ်ရှု လှည့်ပတ်ပြီး ခုန်လိုက်သည်။ ဘယ်လောက်တောင် ကျန်းမာတဲ့ ခန္ဓာကိုယ်လဲ။

နေစရာရပြီး နောက်တစ်ရက်မှာတော့ သူမကျောင်းသွားတော့သည်။ တာဝန်ပစ်မှတ်တွေအကုန်လုံးဟာ Ace Academyမှာရှိနေတာကြောင့် သူမကျောင်းမသွားရင် ဒီတာဝန်တွေကို ဘယ်လိုပြီးအောင်လုပ်ရမှာလဲ?

သို့သော်လည်း သူမကျောင်းဝင်းထဲ လမ်းလျှောက်လာတဲ့ ခနမှာပဲ လူတိုင်းက သူမကို ထူးဆန်းစွာကြည့်နေကြကာ လက်ညှိုးတထိုးထိုးဖြစ်နေကြတာကို သူမတွေ့လိုက်ရလေသည်။ သူတို့အနားကပ်သွားတဲ့အခါမှာ သူတို့အားလုံးဟာ သူမက ကပ်ရောဂါတစ်ခုကို သယ်ဆောင်လာတဲ့လူလိုမျိုး အော်ဟစ်ကာ ထွက်ပြေးကြလေသည်။

တစ်ချို့လူတွေက ပုံကြီးချဲ့ကာ သူတို့ရဲ့ နှာခေါင်းတွေကိုပင် ပိတ်ထားကြလေသည်။ နဉ်ရှု သူမရဲ့လက်ကို မြှောက်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ အာ...သူမဆီက ဘာအနံ့မှာလည်း မရပါဘူးနော်!?

သူမအတန်းထဲကို ဝင်လိုက်တဲ့အခါ လူတိုင်းက သူမကိုကြည့်ပြီး အော်ဟစ်ရယ်မောနေကြလေတာကြောင့် နဉ်ရှု စိတ်တွေ ရှုပ်ထွေးလာသည်။

အန်းရုံက သူမဆီလျှောက်လာပြီး မပေါ်ကနေ အုပ်မိုးလိုက်သည်။ သူမရဲ့အမူအရာတွေက စိတ်ပျက်ရွံရှာခြင်းတို့ဖြင့် ပြည့်လို့နေလေသည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now