Chapter - 47

7K 1K 27
                                    

[Zawgyi]

<ပန်းဖြူ လေးကို ဂုဏ်ပြု ကြ>

ဘယ်လိုတောင်လား? ဘယ်လိုတောင်သောက်ကျိုးနည်းတာလဲ?

နဉ်ရှု လင်းရွှယ်ကိုကြည့်လိုက်တယ်။ လင်းရွှယ်မှာ အရင်က ရှိနေကျ အေးစက်ပြီးသီးသန့်ဆန်တဲ့ အော်ရာတွေရှိမနေတော့ပေ။ အခုပုံစံကို အတိုချုံးပြောရရင်တော့ သူမက လေအဝှေ့မှာ ရှက်ရွံ့ကာယိမ်းနွဲ့နေတဲ့ အဖြူ ရောင်ပန်းကလေးလိုပင်။

အန်းရုန်က လင်းရွှယ်အပေါ် ကာကွယ်လွန်းတာကို နဉ်ရှုတွေ့လိုက်ရတဲ့အခါ သူမသက်ပြင်းချလိုက်မိတယ်။ ရက်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ လင်းရွှယ် မူယာမာယာတွေ ပိုများလာတာပဲ။

သူမရဲ့ အတန်းဖော်တွေရဲ့ အကြည့်တွေကနေပြီး ရွံရှာမှုနဲ့ အဖက်မတန်သလိုသဘောထားနေမှုတွေကို နဉ်ရှုခံစားနိုင်လေတယ်။ သူမက လင်းရွှယ်ကိုအနိုင်ကျင့်ခဲ့တယ်လို့ ကောက်ချက်ချပြီးပုံရတယ်။

သူမ သွေးအန်ချင်သွားလေတယ်။ သူမ ဘာမှမလုပ်ခဲ့ဘူးလေ? ဘယ်လိုလုပ်ပြီး အမျိုးသမီးဇာတ်လိုက်ကို အနိုင်ကျင့်လိုက်တာတုန်း?

အမျိုးသမီးဇာတ်လိုက်မရဲ့ ထိုးစစ်ဆင်မှုစွမ်းရည်တွေက နောက်တစ်ကြိမ်ထပ်ပြီး မြန်မြန်တိုးတက်လာတာပဲ။ သူမက ဥာဏ်ရည်မြင့်ပြီး သိုင်းပညာတော်တယ်။ ကမ္ဘာကြီးကို ခေါင်ဆောင်ဖို့ ကြိုးစားနေတာလား? အရင်တုန်းကတော့ လင်းရွှယ်က သူမကို အဖက်မတန်သလိုလုပ်နေပြီး နည်းနည်းလေးမှ စိတ်မဝင်စားပေ။ ဒါက ဘာကြောင့်လဲဆိုတော့ သူမက သူမရဲ့စွမ်းရည်ကို လုံးဝစိတ်ချပြီး ဘယ်သူ့ကိုမဆို အလွယ်လေးချေမှုန်းပစ်နိုင်တယ်လို့ ယုံကြည်နေလို့ပဲ။

ဒါပေမယ့် အခုတော့ လင်းရွှယ်က နဉ်ရှုကို ပစ်မှတ်ထားနေရုံမကဘဲ သူမကိုဒုက္ခပေးဖို့အတွက် ဒီလိုနည်းလမ်းတွေကိုပါ ထုတ်သုံးနေပြီ။

"အခုထိ လင်းရွှယ်ကို အနိုင်မကျင်ဘူးလို့ နင်ပြောနေတုန်းလား? မင်းသားလျန်ရဲ့ မွေးနေ့ပွဲမှာတုန်းက နင် လင်းရွှယ်ကိုရိုက်ဖို့ သူမနောက်ပြေးလိုက်သွားတာတောင်မှ သူမကို အနိုင်မကျင့်ပါဘူးလို့ ပြောနေတုန်းလား? သူမ သက်သာအောင် အိပ်ယာထဲမှာ အကြာကြီးနေခဲ့ရတာ။"

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang