Chapter - 33

7.5K 1.1K 6
                                    

[Zawgyi]

အတိုချုပ်ရရင်တော့ ကျောင်းဆရာဝန်ရဲ့ တိုက်ခိုက်မှုကို ကြုံရပြီးတဲ့နောက်မှာ သူမဟာ စက်ရုံကစွန့်ပစ်လိုက်တဲ့ အညစ်အကြေးတစ်ခုသာသာပဲဆိုတာ နဉ်ရှုနားလည်လာတယ်။

သူမဆေးပေးခန်းကနေ ထွက်လာပြီး ကျောင်းဥယျာဉ်မှာ လျှောက်သွားနေလိုက်တယ်။ လှပတဲ့ပန်းတွေကိုကြည့်ရင်း နောက်တစ်ခါအသက်ရှင်ဖို့ အခွင့်အရေးရတာ တကယ်ကောင်းတယ်လို့ သူမခံစားလိုက်ရတယ်။

"ဟေ့...မင်းဘယ်သူလဲ? ဒီမှာဘာလုပ်နေတာလဲ?"

အထက်စီးဆန်တဲ့ လေသံတစ်ခုက သူမနောက်ကနေ ပေါ်လာပြီး သူမကို ဖိတ်လန့်သွားစေတယ်။

သူမနောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမနားမှာရပ်နေပြီး မေးကိုပင့်လို့ ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့အမူအရာနဲ့ သူမကို အထင်သေးစွာငုံကြည့်နေတဲ့ မင်းသားလျန်ကို တွေ့လိုက်ရလေတယ်။

သူက သူ့အိပ်ကပ်ထဲမှာ လက်တစ်ဖက်ကို ထည့်ထားပြီး နဉ်ရှုကို ကြည့်နေလေတယ်။ သူ့ပုံစံက မယုံနိုင်စရာကောင်းလောက်အောင် မိမိုက်နေပေမယ့် တစ်ချို့အကြောင်းတွေကြောင့် သူ့မှာစွမ်းအားတွေရှိလာသလို နဉ်ရှုခံစားလိုက်ရလေတယ်။

"ဟေ့...ငါမင်းကို စကားပြောနေတယ်လေ။ ဒီနေရာက ကန့်သတ်နယ်မြေဆိုတာ မင်းမသိဘူးဆိုတာ မဖြစ်နိုင်ဘူး။"

နဉ်ရှုရဲ့ တွေဝေနေတဲ့အမူအရာကို မြင်တဲ့အခါ လျန်အော့ရဲ့မျက်လုံးထဲမှာ မနှစ်မြို့မှုတွေ ဖြတ်ပြေးသွားတယ်။

နဉ်ရှုက "အို"လို့ပဲပြောလိုက်ပြီး ထွက်သွားဖို့ ပြင်လေတယ်။ သူမ ဒီအရူးမင်းသားကို အရေးမစိုက်ချင်တဲ့အတွက် ဒ်ီမှာ သူနဲ့ငြင်းခုန်ပြီး အချိန်ဖြုန်းနေစရာ အကြောင်းမရှိပေ။

တကယ်တော့ Ace Academyမှာ မင်းသားလျန်နဲ့ တစ်ခြားမင်းသားနှစ်ယောက်ထက် မိသားစုနောက်ခံပိုတောင့်တဲ့လူတွေ ရှိလေတယ်။ ဒါပေမယ့် သူတို့က ဒီသုံးယောက်လို ကျော်ကြားဖို့မကြိုးစားကြဘဲ မထင်မရှားသာ နေထိုင်ကြလေတယ်။

နဉ်ရှုက သူ့ကိုမမြင်လိုက်သလိုလုပ်ပြီး ချက်ချင်းထွက်သွားဖို့လုပ်တာကို လျန်အော့မြင်တဲ့အခါ မကျေမနပ်ဖြစ်သွားတယ်။ူက အချိန်တိုင်း ဘယ်ကိုပဲသွားသွား လူတွေလိုက်တာ ခံနေရတဲ့လူဖြစ်တယ်။ ရုတ်တရက်ကြီး ဒီလိုဆက်ဆံခံရတာက သူ့ကို ဒေါသထွက်စေတယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Όπου ζουν οι ιστορίες. Ανακάλυψε τώρα