Chapter - 19 (ခြိမ်းခြောက်မှု)

8.3K 1.2K 5
                                    

[Zawgyi]

လူတိုင်းက နဉ်ရှုကို အထင်သေးပြီး သူမဟာ Ace Academyမှာ ရှိမနေသင့်ဘူးလို့ တွေးနေကြသော်လည်း နဉ်ရှုကတော့ အရေထူထူဖြင့် မျက်နှာပြောင်တိုက်ကာ Aceမှာ ဆက်နေ နေဆဲပင်ဖြစ်သည်။ ကျောင်းကနေပြီး သူမကို ကျောင်းထုတ်ကြောင်း စာရွက်စာတမ်းတွေ မပေးပို့လာသရွေ့ ဒီမှာပဲ ခြေကုပ်နေမယ်လို့ နဉ်ရှုဆုံးဖြတ်ထားပြီးသားပင်။

သူမသာ ကျောင်းကနေထွက်သွားမယ်ဆိုရင် ဘယ်လ်ုလုပ်ပြီး ဒီအသုံးမကျတဲ့မင်းသားကို ကယ်လို့ရမှာလဲ!? အမ်ျိုးသမီးဇာတ်လိုက်က Aceက ကျောင်းသားတစ်ယောက်ဖြစ်နေပြီး ကျောင်းဝန်းထဲမှာဆိုရင် သူမကိုယ်သူမ နည်းနည်းလောက်ဖြစ်ဖြစ် ထိန်းချုပ်ရမှာ ပြောစရာမလိုပေ။ ကျောင်းပြင်ပမှာဆိုရင် အမျိုးသမီးဇာတ်လိုက်ဟာ အထိန်းအချုပ်မဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပုံစုံကို ပြန်ပြောင်းသွားမှာပင်။

'ညဘုရင်မ'ဆိုတဲ့ နာမည်ပြောင်က ဟန်ပြသက်သက်မဟုတ်ပေ။

နဉ်ရှု ခေါင်းကိုက်လာလေသည်။ သူမရဲ့ တာဝန်တွေကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ သူမမှာ အကြံမရှိပေ။ ခက်ခဲလွန်းတဲ့ ပထမဆုံးတာဝန်ကို ကြုံတွေ့လိုက်ရတဲ့အချိန်မှာတင် သူမရဲ့ယုံကြည်မှုက ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။

လင်းရွှယ်ရဲ့ လူသတ်လိုတဲ့အကြည့်ကို နဉ်ရှုပြန်မြင်ယောင်လာသည်။ ခနလောက် စဉ်းစားပြီးနောက်မှာတော့ ဒီကိုယ်ကို ပိုသန်မာလာစေဖို့ မျှော်လင့်ပြီး တိုက်ကွန်ဒိုသင်တန်းမှာ စာရင်းပေးလိုက်တော့သည်။ ဒါက သိပ်အသုံးမဝင်ရင်တောင်မှ သူမအသက်ရှင်ဖို့ ထွက်ပြေးတဲ့နေရာမှာတော့ လျင်မြန်သွက်လက်မှုက အထောက်အကူ ဖြစ်နိုင်ပေသည်။

ဒါကြီးက တကယ်ကို ဝမ်းနည်းဖို့ကောင်းတာပဲ။ လင်းရွှယ်ရဲ့ချောင်ပိတ်ဖမ်းထားခြင်းကို ခံရပြီး သေအံ့မူးမူးအချိန်အတွက် ရုန်းကန်နေသော ကြွက်ကလေးတစ်ကောင်လို သူမခံစားလာရလေသည်။

မူလခန္ဓာပိုင်ရှင်က လင်းရွှယ်ရဲ့ လက်ခုပ်ထဲက ကြွက်ကလေးတစ်ကောင်သာ့ဖစ်ပြီး လင်းရွှယ်က သူမကို အရုပ်ကလေးတစ်ရုပ်လို ကစားနေတယ်ဆိုတာ နဉ်ရှုခန့်မှန်းပြီးသားဖြစ်လေသည်။ လင်းရွှယ်က မူလခန္ဓာပိုင်ရှင်ကို သူမနာမည်ကောင်းရစေဖို့အတွက် အသုံချနေခဲ့ခြင်းကြောင့် မူလခန္ဓာပိုင်ရှင်ဟာ အမှိုက်တစ်စလိုမျိုး အဆုံးသတ်သွားရတာပင်။ သူမရဲ့ဂုဏ်သတင်းတွေက မခံမရပ်နိုင်လောက်အောင် ဆိုးရွားလာတဲ့အထိ သူမကို စုတ်ပြတ်သည်ထက်စုတ်ပြတ်သွားအောင် ပြုလုပ်ခဲ့လေသည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now