[Zawgyi]
<တကယ်လှပတဲ့ပန်းချီကားတစ်ချပ်>
"ကျွန်မ အန်ကယ့်ကိုပြောပြမယ့်ကိစ္စကို အန်ကယ်မသိချင်ဘူးလား?"
သူသိသွားရင် ဖြစ်သွားမယ့်ပုံစံကို စိတ်ကူးယဉ်ကြည့်ရင်း နဉ်ရှုက ကျောင်းဆရာဝန်ကို စိတ်လှုပ်ရှားစွာကြည့်ကာ ပြောလိုက်တယ်။
ကျောင်းဆရာဝန်က မျက်ခုံးပင့်ရင်း နဉ်ရှုကိုကြည့်လာတယ်။
ပျင်းဖို့ကောင်းလွန်းတယ်။ ဒီဂရုမစိုက်သလို သဘောထားက လူတစ်ယောက်ရဲ့ အတင်းပြောချင်စိတ်ကို လုံးဝဖျက်ဆီးပစ်နို်င်တယ်။
"အမ်း..လင်းရွှယ်နဲ့ မင်းသားနှစ်ယောက်က သရီးဆမ်းနေကြတယ်။ သူတို့က အခု စတိုခန်းထဲမှာ။ ကျွန်မတို့...."
ကျောင်းဆရာဝန်က မတ်တပ်ရပ်လိုက်ပြီး နဉ်ရှုကို အထင်သေးမှုနဲ့ကြည့်လာတယ်။
"ဒီလိုမြင်ကွင်းမျိုးကိုကြည့်ရအောင် မင်းမှာ ဘယ်လိုတောင် ဆိုးရွားတဲ့အကြိုက်ရှိနေရတာလဲ? မင်းနည်းနည်းလေးမှ မရှက်ဘူးလား?"
နဉ်ရှု : .....
ကျေးဇူးပြု ပြီး...အဓိကအချက်က လင်းရွှယ်ပါနော်။ ဟုတ်ပြီလား? သူက ဘာလို့ လင်းရွှယ်ရဲ့ရှုပ်ထွေးတဲ့နေထိုင်မှုကြောင့် ထိုးနှက်မှုကို မခံရတာလဲ? သူသာ တစ်ယောက်ယောက်ရဲ့ အရှက်မဲ့တာကိုပြောချင်တယ်ဆိုရင် အဲ့ဒီလူက လင်းရွှယ်ဖြစ်ရမှာလေ!
"အန်ကယ် အခုဘယ်သွားနေတာလဲ?"
ကျောင်းဆရာဝန်က ဆေးပေးခန်းထဲကနေ ထွက်သွားပြီဆိုတာကို နဉ်ရှုသိလိုက်ရတာကြောင့် သူ့နောက်ကနေ အမြန်လိုက်သွားလိုက်တယ်။ သူက စတိုခန်းဆီသွားနေတဲ့ပုံပေါ်တယ်။
"အန်ကယ်လည်း သွားကြည့်ချင်လို့လား?"
"အန်ကယ့်စိတ်ထဲမှာတော့ တကယ်ဂရုစိုက်တယ်ဆိုတာ ကျွန်မသိပါတယ်။"
နဉ်ရှု ကျောင်းဆရာဝန်ရဲ့ နောက်ကနေလျှောက်ရင်း ပြောနေလိုက်တယ်။
"ပါးစပ်ပိတ်ထား။"
ကျောင်းဆရာဝန်က သူ့အဖြူ ရောင်ကုတ်ကို မလိုက်ပြီး ထူးဆန်းတဲ့ပုံစံတစ်မျိုးနဲ့ သေနတ်တစ်တစ်လက်ကို ဆွဲထုတ်လိုက်တယ်။
YOU ARE READING
Campus Cultivation Crisis (Arc - 1) [Myanmar Translation]
AdventureAuthor - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရာ အပိုအရှုပ်ဇာတ်ကောင်လေးတွေအတွက် ပြန်လည်တိုက်ခိုက်ပေးရတဲ့ တာဝန်ထမ်းဆောင်သူ(task-taker)တစ်ယောက် ဖြစ်လာ...