Chapter - 49

7.1K 1K 45
                                    

[Zawgyi]

<ငါ့ခုံကို ပြန်ထောင်ပေး!>

လျန်အော့ရဲ့ ကိုယ့်ကိုကိုယ်ပါဝါရှိနေသလိုအပြုအမူကိုမြင်တဲ့အခါ နဉ်ရှုပြောစရာစကားလုံး မဲ့သွားတော့တယ်။ သူမ မြေကြီးပေါ်ကို ကန်ချခံလိုက်ရတဲ့ခုံကို ကြည့်လိုက်ပြီး သနားစရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။

လျန်အော့က နဉ်ရှုကိုအေးစက်စွာကြည့်လိုက်တယ်။

"လင်းရွှယ်ကိုတောင်းပန်။ မတောင်းပန်ရင် မင်းဆိုးဆိုးဝါးဝါးသေရအောင် ငါလုပ်မှာ။ မင်း ကျောင်းမှာနေချင်သေးတယ်မလား? ငါမင်းကို စကားတစ်ခွန်းတည်းနဲ့တင် ဒီကျောင်းကနေ ကန်ထုတ်လိုက်လို့ရတယ်။"

နဉ်ရှု မော့ကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်တယ်။

"ငါ့ခုံကို ပြန်ထောင်ပေး။"

"မင်းဘာပြောလိုက်တယ်?"

မယုံကြည်နိုင်တဲ့အမူအရာက လျန်အော့ရဲ့မျက်နှာမှာပေါ်လာတယ်။

"မင်း...မင်းက ငါ့ကို ခုံထောင်ခိုင်းတယ်? မင်းရူးသွားတာလား? မင်းရူးနေတာဖြစ်ရမယ်။"

"ငါ့ခုံကို ပြန်ထောင်ပေး။"

နဉ်ရှု ဂရုမစိုက်စွာ ပြောလိုက်တယ်။

"မင်း အသည်းကွဲပြီး ရူးသွားတာလား?"

လျန်အော့က နဉ်ရှုကို ခေါင်းထိပြီးရူးသွားတဲ့လူတစ်ယောက်ကို ကြည့်နေသလို မယုံကြည်နိုင်စွာ ကြည့်နေလေတယ်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား?"

နဉ်ရှု ဒီစကားကို အကြိမ်များစွာကြားပြီးပြီဖြစ်တာကြောင့် သူမရဲ့နားစည်ထဲမှာ အနာပေါက်သွားပြီလို့တောင်ထင်ရတယ်။ သူက သူ့ကိုယ်သူ စော်ကားတဲ့စကားလေးတစ်ခွန်းကိုတောင် သည်းမခံနိုင်တဲ့ နတ်ဘုရားတစ်ပါးလို ပြောနေလေတယ်။

"ငါ့ခုံကို ပြန်ထောင်ပေး။"

တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတဲ့ ဘေးနားကလူတိုင်းဟာ နဉ်ရှုရဲ့ဦးနှောက်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ကြရတယ်။ သူမက မင်းသားလျန်ကို တကယ်ကြီး ဒီလိုဆက်ဆံရဲတယ်? ဝန်းရံနေတဲာမိန်းကလေးတွေက နဉ်ရှုကို စူးရဲစွာကြည့်လာကြတယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now