[Zawgyi]
ကိုယ့်ကိုကိုယ် ကျေနပ်နေတာက ဘာအထာလဲဟ? မူလခန္ဓာပိုင်ရှင်က သူ့ကိုသဘောကျနေရင်တောင် သူမကတော့ သဘောမကျပါဘူး။ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေက အော့နှလုံးနာဖို့ကောင်းတယ်။
မယုံနိုင်လောက်အောင် ကြီးကျယ်သလိုတွေ နင်လုပ်နေတာကို နင့်မိသားစုရော သိရဲ့လား?
"နင် ဒီနေရာမှာ ပြသနာတစ်ခုခုရှိနေတာလား?"
နဉ်ရှု သူမရဲ့ခေါင်းကို ညွှန်ပြရင်း မေးလိုက်တယ်။
"ငါမင်းကို ငါ့မွေးနေ့ပွဲဖိတ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က လင်းရွှယ်ကို မျက်နှာသာပေးချင်လို့ပဲ။ အရင်ကအကြောင်းတွေကို မင်းနဲ့ပြန်မငြင်းချင်လောက်အောင် လင်းရွှယ်က သဘောထားကြီးပေမယ့် ငါကတော့ မင်းသူမကို ထိခိုက်မှာကို ခွင့်မပြုဘူး။ ကိုယ့်အဆင့်ကိုယ်သိစမ်းပါ နိမ့်ကျတဲ့မိန်းမ!"
လျန်အော့က မေးကိုမော့လိုက်ပြီး နတ်ဘုရားတစ်ပါးက သေမျိုးတစ်ယောက်ကို ကြည့်သလို အထင်သေးစွာကြည့်လာလေတယ်။
ဒီကောင့်ဦးနှောက်က ဘာဖြစ်နေတာလဲ? သူက သူ့ကမ္ဘာထဲမှာပဲနေနေတာပဲ။ ကိုယ့်ဘာသာ ပြောချင်ရာပြောပြီး ဆုံးဖြတ်ချင်သလို ဆုံးဖြတ်ရင်တောင် အကန့်အသတ်လေးတော့ ရှိဦးလေ။ တစ်ချိန်လုံး သူမ စကားတစ်ခွန်းပဲ ပြောရသေးတယ်။
နင်က မထင်ထားလောက်အောင် ကြီးကျယ်နေလို့ ကမ္ဘာကြီးကတောင် ကန့်သတ်ထားလို့မရတော့ဘူး။
"ငါ့စကားတွေကို မင်းသေချာမှတ်ထား။ မဟုတ်ရင် မင်းပြန်ပေးဆပ်ရအောင် ငါလုပ်မယ်။"
စကားပြောပြီးနောက်မှာတော့ လျန်အော့ဟာ လှည့်ထွက်သွားလေတော့တယ်။
နဉ်ရှု သက်ပြင်းရှည်ကြီးချလိုက်တယ်။ လောကကြီးက အရမ်းလှပတယ်။ အစေမကပ်တဲ့အရာတွေကို မြန်မြန်လျစ်လျူ ရှုပစ်လိုက်တာ အကောင်းဆုံးပဲ။
"နင့်မှာ ထူးဆန်းလွန်းတဲ့ စိတ်ရောဂါရှိနေမှတော့ နင်ဆေးသောက်သင့်တယ်။ ဘာလို့ ကုသမှုမခံယူရတာလဲ?"
နဉ်ရှု သူ့ကိုအော်ပြောလိုက်ပြီး လှည့်ပြေးတော့တယ်။
နောပ်တစ်ရက်မှာ နဉ်ရှုက ပုံမှန်ပဲဝတ်စားထားပြီး ပစ္စတိုကို သူမရဲ့ခါးမှာ ထိုးလိုက်တယ်။ ပြီးတော့ အရူးမင်းသားလျန်ရဲ့ မွေးနေ့ပွဲကို သွားလေတယ်။
YOU ARE READING
Campus Cultivation Crisis (Arc - 1) [Myanmar Translation]
冒險Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရာ အပိုအရှုပ်ဇာတ်ကောင်လေးတွေအတွက် ပြန်လည်တိုက်ခိုက်ပေးရတဲ့ တာဝန်ထမ်းဆောင်သူ(task-taker)တစ်ယောက် ဖြစ်လာ...