Chapter - 18 (အလှလေးရဲ့နှလုံးသားကိုရရှိ)

8.3K 1.2K 11
                                    

[Zawgyi]

အတော်လေးကြာအောင် ကွေ့ပတ်သွားပြီးတဲ့နောက်မှာ ဇာတ်ကြောင်းဟာ မူလဇာတ်ကြောင်းတိုးတက်မှုဆီကို ပြန်လည်ရောက်ရှိလာလေသည်။ ဇာတ်လမ်းထဲမှာ လျန်အော့ဟာ မူလခန္ဓာပိုင်ရှင်ကို ဖိတ်ကြားခဲ့ပေသည်။ မူလခန္ဓာပိုင်ရှင် လင်ကျားကျားဟာ မင်းသားလျန်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားချက်ကိုရတဲ့အခါ အလွန်အမင်းပျော်ရွှင်သွားပြီး ရူးသွပ်သွားမလိုပင် ဖြစ်သွားသေးသည်။ သို့သော်လည်း ထိုကိစ္စဖြစ်ပျက်ပြီးနောက်ပိုင်းတွင်တော့ မိန်းကလေးတွေဟာ သူမကို ပို၍ပင်အနိုင်ကျင့်လာကြတော့သည်။

မူလခန္ဓာပိုင်ရှင်ဟာ အားလုံးကို တိတ်ဆိတ်စွာပဲ ကြိတ်မှိတ်သည်းခံခဲ့လေသည်။ သူမက လျန်အော့ကိုပေးဖို့ လည်စည်းပဝါတစ်ခုကို ညတိုင်းနောက်ကျတဲ့အထိ ကိုယ်တိုင်သိုးမွှေးထိုးခဲ့လေသည်။ ထိုအရာက သာမန်လည်စည်းလေးသာဖြစ်သော်လည်း သူမကိုယ်တိုင်လုပ်ထားတယ်ဆိုတာက ထူးခြားနေမယ်လို့ သူမယုံကြည်နေခဲ့လေသည်။

အဆုံးသတ်မှာတော့ သူမအလှောင်ခံခဲ့ရပေသည်။ မူလခန္ဓာပိုင်ရှင်ရဲ့ရှေ့မှာတင် လျန်အော့ဟာ အနှီလည်စည်းပဝါကို သူ့ရဲ့ရွှေရောင်အမွှေးထူခွေးလိမ္မာလေးကို စည်းပေးလိုက်ပြီး လွှင့်ပစ်ကာ ဝေဖန်လေသည်။

"ခွေးကတောင်မှ ဒီလိုဟာမျိုးကိုမကြိုက်ဘူး။"

သူက သူမကို ဒီပါတီကိုလာဖို့ ဖိတ်ခဲ့တဲ့လူဖြစ်ပြီး ဘာကြောင့် သူမကိုဒီလိုဆက်ဆံနေရတာလဲဆိုတာ မူလခန္ဓာပိုင်ရှင်ဟာ နားမလည်နိုင်တော့ပေ။

ထိုကိစ္စဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ သူမကျောင်းရဲ့ ဘယ်နေရာကိုပဲသွားသွား လင်ကျားကျားဟာ အလှောင်ခံရတော့သည်။

အခုကြည့်ရတဲ့အတိုင်းဆိုရင် လင်းရွှယ်က အဖြစ်အပျက်တစ်ခုလုံးကို စတင်ပေးခဲ့တဲ့လူပဲ။ သူမက မူလခန္ဓာပိုင်ရှင် ပါတီကိုတက်နိုင်ခဲ့တဲ့ အကြောင်းအရင်းဖြစ်ပေသည်။

နဉ်ရှုရဲ့ တွေဝေနေတဲ့အမူအရာကို လျန်အော့မြင်တဲ့အချိန်တိုင်း သူဟာ ဒေါသထွက်လာတော့သည်။ အရင်ကဆိုရင် သူမဟာ သူ့နောက်ကို အရူးတစ်ယောက်လို နေ့တိုင်းတကောက်ကောက်လိုက်နေခဲ့သော်လည်း အခုမလိုက်တော့ရုံသာမကဘဲ သူ့ကိုပင် အထင်သေးနေသောအကြည့်များဖြင့် ကြည့်နေတတ်ပြီဖြစ်သည်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now