Chapter - 56

7.4K 1.1K 12
                                    

[Zawgyi]

<အဓိကအလုပ်>

နဉ်ရှု ကျောင်းဆရာဝန်နောက်ကနေ ဖြေးဖြေးလေးပြေးလိုက်လာတယ်။ သူတို့ ဆေးပေးခန်းကိုရောက်တဲ့အခါ ကျောင်းဆရာဝန်အန်ကယ်က နံရံပေါ်မှာ တစ်ခုခုကို အလျှင်အမြန်ဖိချလိုက်ပြီးနောက် လျှို့ဝှက်လမ်းတစ်လမ်းက ချက်ချင်းထွက်ပေါ်လာတယ်။

နဉ်ရှု : ဒီမှာ ဘာကိစ္စ လျှို့ဝှက်လမ်းရှိနေရတာလဲ? လျှို့ဝှက်လမ်းကနေ လျှောက်သွားတာက ကားတစ်စီးထက်မြန်လို့လား? ယုတ္တိကို မရှိဘူး။

နဉ်ရှု ခဏလောက်တွေးလိုက်ပြီး အထဲဝင်သွားတဲ့ ကျောင်းဆရာဝန်နောက်ကို လိုက်သွားလိုက်တယ်။ စောစောက ပေါ်ထွက်လာခဲ့တဲ့ လျှို့ဝှက်လမ်းကြောင်းက အမြင်အာရုံလှည့်စားမှုတစ်ခုဖြစ်နေတဲ့အတိုင်း ဆေးပေးခန်းက ချက်ချင်းပဲ အရင်ကလို ပြန်လည်တိတ်ဆိတ်သွားတော့တယ်။

ကျောင်းဆရာဝန်က ပေါ့ပါးတဲ့ငှက်မွှေးတစ်ခုကို သယ်ယူနေရသလို လင်းရွှယ်ကိုသယ်ပြီး လျင်မြန်စွာလျှောက်ချိန်မှာ နဉ်ရှုကတော့ ပြေးလိုက်ရင်း ဟောဟဲလိုက်ကာမောနေလေတယ်။

အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်ပါပဲ သူမရဲ့ခြေထောက်တွေ ကျိုးတော့မယ်လို့ နဉ်ရှုခံစားမိချိန်မှာပဲ သူတို့သွားရမယ့်နေရာကို ရောက်ရှိသွားတော့တယ်။

ကျောင်းဆရာဝန်က သူတို့ရဲ့ရှေ့မှာရှိနေတဲ့ တံခါးကိုတွန်းဖွင့်လိုက်ပြီး လျှို့ဝှက်လမ်းကို ချက်ချင်းပဲမီးထွန်းလိုက်တယ်။ နဉ်ရှု သူမရဲ့မျက်လုံးတွေကို လက်နဲ့အလိုအလျောက်ကာလိုက်မိပြီး တံခါးကိုကျော်ကြည့်လိုက်တယ်။

နဉ်ရှု အခန်းထဲကို ငေးကြောင်ပြီး ကြည့်နေမိတယ်။ ဒါက အေးစက်စက်အငွေ့အလင်းတွေထုတ်လွှတ်နေတဲ့ ပစ္စည်းအမျိုးအစားတွေ အများကြီးနဲ့ အရမ်းကိုသန့်ရှင်းနေတဲ့ ဓာတ်ခွဲခန်းတစ်ခုပဲဖြစ်တယ်။

အထဲမှာ လူတစ်ယောက်မှ မရှိပေ။ ခြေလှမ်းတိုင်းမှာ ပဲ့တင်သံတွေထွက်လာစေတဲ့အထိ တိတ်ဆိတ်နေတယ်။

သူမ အရမ်းကို အန္တရာယ်များလွန်းတဲ့နေရာတစ်ခုကို လာမိပြီလို့ နဉ်ရှု ချက်ချင်းပဲသဘောပေါက်လိုက်တယ်။ ပတ်ပတ်လည်ကို သူမကြည့်လိုက်ပြီးတော့ ဖန်ဘူးတွေထဲမှာထည့်ထားတဲ့ ဓာတ်ခွဲစမ်းသပ်တဲ့ နမူနာအစိတ်အပိုင်းအများကြီးကို သူမတွေ့လိုက်ရတယ်။ ကျောက်ကပ်တစ်ခုရဲ့အရောင်ဆိုရင် အဝါရောင်ပြောင်းနေပြီဖြစ်တယ်။ အဲ့ဒါကို အချိန်အကြာကြီး သိမ်းဆည်းထားတာဖြစ်ရမယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now