[Zawgyi]
ဒီမြင်ကွင်းက အတော်လေးထူးဆန်းတယ်။ နဉ်ရှု အသံမထွက်မိအောင် သူ့ပါးစပ်သူ လက်နဲ့အုပ်လိုက်တယ်။ တစ်ချို့သောအကြောင်းတွေကြောင့် တော်တော်လေးကိုကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးကို သိရှိလိုက်ရသလိုမျိုး သူမခံစားနေရလေတယ်။
ဒါက မူလခန္ဓာပိုင်ရှင်ရဲ့ မှတ်ဥာဏ်ထဲမှာ မရှိသလို ဒီကမ္ဘာရဲ့ဇာတ်ကြောင်းမှာလဲ မပါဘူး။
လင်းရွှယ်ရဲ့ ပတ်ပတ်လည်က လေငြိမ်သွားတာကို နဉ်ရှုတွေ့တဲ့အခါ တွေဝေမနေဘဲ ထွက်ပြေးလာခဲ့လေတယ်။ ကြည့်ရတာ....လင်းရွှယ်ဘာကိုလုပ်နေတာပဲဖြစ်ဖြစ်....သူမလုပ်နေတဲ့အရာက ပြီးတော့မှာဖြစ်တယ်။
နဉ်ရှုစာအုပ်ဆိုင်တစ်ဆိုင်ထဲကို ဝင်လိုက်ပြီး စာအုပ်တွေကိုကြည့်နေဟန်ဆောင်လိုက်တယ်။ သူမလှမ်းကြည့်လိုက်တော့ လင်းရွှယ်ဖြတ်သွားတာကို တွေ့လိုက်ရလေတယ်။ သူမစိတ်ထဲမှာပဲ ထင်နေတာလားမသိပေမယ့် လင်းရွှယ်ထုတ်လွှတ်နေတဲ့ အော်ရာတွေက ပိုပြီးအေးစက်သန်မာလာသလိုပဲ။
အပြင်မှာရှိနေတဲ့လင်းရွှယ်က စူးစမ်းနေတဲ့အကြည့်ကို ခံစားမိတာကြောင့် လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
စာအုပ်ဆိုင်ထဲက နဉ်ရှုဟာ သူ့အကြည့်ကို လက်ထဲကစာအုပ်ဆီ ချက်ချင်းရွှေ့လိုက်ပြီး လင်းရွှယ်ကို နောက်ထပ်မကြည့်ရဲတော့ပေ။ ကျင့်ကြံသူတွေက မယုံကြည်နိုင်စရာကောင်းလောက်အောင် အကြည့်လေးတစ်ချက်ကိုတောင် အာရုံခံနိုင်တာပဲ။
လင်းရွှယ် မျက်ခုံးလှလှလေးတွေကို တွန့်ချိုးလိုက်တယ်။ စောင့်ကြည့်ခံနေရတဲ့ ခံစားချက်က မရှိတော့ဘူး။ ခဏအကြာမှာတော့ သူမထွက်သွားလေတယ်။
အချိန်နည်းနည်းကြာသွားမှပဲ နဉ်ရှုအသက်ရှူ ရဲတော့တယ်။ သူမကျာမှာ ချွေးစေးတွေ ချွဲနေပြီ။ နဉ်ရှုကြုံနေရတာက ကြောက်ဖို့ကောင်းလွန်းတယ်။ သာမန်လူတစ်ယောက်က OPဖြစ်နေတဲ့ အမျိုးသမီးဇာတ်လိုက်နဲ့ ယှဉ်ပြိုင်ဖို့ ဘယ်လိုများဆုံးဖြတ်လိုက်ကြတာလဲ?
နဉ်ရှု တိုက်ကွန်ဒိုလေ့ကျင့်တဲ့နေရာကို မသွားခင် တိုက်ခန်းကိုပြန်ပြီး ခပ်သွက်သွက်ရေချိုးလိုက်တယ်။ ဒါပေမယ့်လည်း သူမစိတ်ထဲမှာ မသက်မသာခံစားနေရတုန်းပဲ။ သူမဘယ်လောက်ပဲလေ့ကျင့်ပါစေ....အမျိုးသမီးဇာတ်လိုက်အတွက်တော့ ပုရွတ်ဆိတ်လေးတစ်ကောင်သာ....။
YOU ARE READING
Campus Cultivation Crisis (Arc - 1) [Myanmar Translation]
AdventureAuthor - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရာ အပိုအရှုပ်ဇာတ်ကောင်လေးတွေအတွက် ပြန်လည်တိုက်ခိုက်ပေးရတဲ့ တာဝန်ထမ်းဆောင်သူ(task-taker)တစ်ယောက် ဖြစ်လာ...