Chapter - 30 (သေနတ်ပစ်လေ့ကျင့်ကွင်း)

7.5K 1.1K 9
                                    

[Zawgyi]

နဉ်ရှု အထဲကို သေချာဂရုစိုက်ပြီး လှမ်းဝင်လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ.. မတူညီတဲ့နေရာတစ်ခု ရှိနေလေတယ်။ ဒီနေရာက မျက်စိကျိန်းလောက်အောင် တောက်ပြောင်သန့်ရှင်းလို့နေတယ်။ ဒါကမှ သေနတ်ပစ်လေ့ကျင့်ကွင်းနဲ့ တူတာ။

အခန်းက ကန်ာထားတဲ့အခန်းငယ်လေးတွေနဲ့ ပြည့်နေတယ်။ အခန်းငယ်လေးတွေထဲက လူတွေအကုန်လုံးက နားဆို့တွေတပ်ထားကြပြီး သူတို့ရှေ့က ပစ်မှတ်ကိုပဲ အာရုံစိုက်နေကြတယ်။

လေ့ကျင့်ကွင်းတစ်ခုလုံးဟာ သေနတ်သံတွေနဲ့ ဆူညံနေလေတယ်။ ခနလောက်တွေးပြီးနောက်မှာတော့ ဒီကမ္ဘာရဲ့ အနိုင်ယူခံလိုက်ရပြီလို့ နဉ်ရှုခံစားလိုက်ရတယ်။ ဒီကမ္ဘာက ရိုးရှင်းတဲာ ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပဲဆိုတာ သေချာနေပေမယ့် အခုတောာ သေနတ်ပစ်ပြိုင်ကြတဲ့ ဇာတ်လမ်းတစ်ခုဖြစ်လာပြီ။

ဘာလုပ်ရမှန်းမသိတာကြောင့် နဉ်ရှု နေရာမှာပဲရပ်နေမိတယ်။ ကြိုဆိုနေရာချထားဖို့ ဝန်ထမ်းလည်း ရှိပုံမပေါ်ပေ။

"ဦးလေး..။ ကျွန်မ သေနတ်ပစ်လေ့ကျင့်ချင်လို့...ဘယ်....ဘယ်ကိုသွားရမလဲ။"

နဉ်ရှု ချွေးသုတ်နေတဲ့ လူတစ်ယောက်ကို မေးလိုက်တယ်။

လူကြီးက နဉ်ရှုကို တစ်ချက်ကြည့်လာတယ်။ အကြည့်လေးတစ်ချက်ပဲဆိုပေမယ့် အလောင်းကောင်တွေရဲ့ အလယ်မှာရပ်နေမိသလို နဉ်ရှုခံစားလိုက်ရလေတယ်။ သူမဆီလာနေတဲ့ အေးစက်စက်အငွေ့အသက်တွေနဲ့ သွေးပင်လယ်ကြီးကို ရင်ဆိုင်နေရသလိုမျိုး သူမခံစားနေရတယ်။

သူ့ရဲ့ အန္တရာယ်ရှိတဲ့အော်ရာတွေက အရမ်းကိုပြင်းထန်လွန်းတယ်ဟ ဒီလူကြီးက လူတွေအများကြီး သတ်ဖူးတယ်ဆိုတာ သေချာတယ်။

"ဒီကောင်မလေးက ဘယ်ကရောက်လာတာလဲ? လူအိုကြီးလီက ဘာလို့များတွေ့ရာလူတွေကို ဝင်ခွင့်ပြု နေရတာလဲ? ထွက်သွား!!"

လူကြီးက အေးစက်စွာပြောလေတယ်။ သူ့ရဲ့နဖူးကြောတွေ တွန့်သွားပြီး ခြိမ်းခြောက်တဲ့ အော်ရာတစ်ခုကို နဉ်ရှုဆီ ဦးတည်လွှင့်ထုတ်လိုက်လေတယ်။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now