Chapter - 24 (ကျောင်းဆရာဝန်!?)

8K 1.2K 15
                                    

[Zawgyi]

ဒါက ကျောင်းဆရာဝန်မလား? သူက အနက်ရောင်လေကာအင်္ကျီကို ဝတ်ထားပြီး ပစ္စတိုတစ်လက်ကို ကိုင်ထားလေတယ်။ နဉ်ရှုရဲ့အသံကို ကြားတဲ့အခါ သူကလှည့်လာပြီး မျက်မှန်ကိုပင့်တင်ဖို့ ကြိုးစားပေမယ့် မျက်မှန်တပ်မထားတာကို သိသွားလေတယ်။

သူက နဉ်ရှုကို မျက်လုံးမှေးကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်ကာ ပြောလေတယ်။

"ဒီကိုလာ။ ကိုယ့်ဒဏ်ရာတွေကို ပတ်တီးစည်းဖို့ ကူညီပေး။"

"ကျွန်...ကျွန်မ ဘယ်လိုလုပ်ရလဲ မသိဘူး။"

မနက်ကနဲ့မတူဘဲ လုံးဝကိုကွဲပြားနေတဲ့ ကျောင်းဆရာဝန်ကို နဉ်ရှုကြည့်လိုက်တယ်။ သူက ကျောင်းဆရာဝန်နဲ့ တူနေတဲ့အချက်သာမရှိရင် ဒီလူတွေက တစ်ယောက်တည်းလို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။ အမွှာတွေ မဖြစ်နိုင်ဘူးလား!?

"ရှင်က ကျောင်းက ဒေါက်တာလား?"

နဉ်ရှု ကျောင်းဆရာဝန်ကို စတီးပိုက်နဲ့ ရွယ်လိုက်တယ်။ ဒေါက်တာဟာ ခဏတော့ ဆွံ့အသွားလေတယ်။ နောက်တော့မှ သူမကို သေနတ်နဲ့ချိန်ပြီး ပြောလိုက်တယ်။

"ဒီကိုလာ။"

ကိစ္စတော်တော်များများကို ကြုံတွေ့ပြီးတာတောင်မှ အနက်ရောင်သေနတ်ပြောင်းဝက သူမကိုချိန်ရွယ်လိုက်တဲ့အခါ နဉ်ရှုလန့်သွားတယ်။ သူမ အလျင်စလိုပြောလိုက်တယ်။

"လက်မပါဘဲ စကားပြောရအောင်...လက်မပါဘဲ ပြောရအောင်!"

ကျောင်းဆရာဝန်ဆီ လျှောက်လာတဲ့ သူမခြေထောက်တွေဟာ တုန်ရီလို့နေတယ်။

ဆရာဝန်ရဲ့မျက်နှာဟာ လူသေလိုပဲဖြူ ဖျော့နေပြီး ဒါက နဉ်ရှုရဲ့ မညှာမတာရိုက်ချက်တွေကြောင့်မှန်း သေချာသလောက်ရှိလေတယ်။ အခုဆို သူ့နှုတ်ခမ်းတွေတောင် အရောင်မရှိတော့ပေ။ သို့သော်လည်း အဝတ်တွေချွတ်နေချိန်မှာတောင် သူ့အမူအရာက အရင်အတိုင်း အေးစက်နေတုန်းပင်။

"ငါ့ဒဏ်ရာကို ကုပေး။"

ဆရာဝန်က နောက်ကျောကို ညွှန်ပြလိုက်တယ်။ အဲ့ဒီမှာ ဖုံးကွယ်ထားတဲ့ လက်နက်ပုန်းတစ်ခုရှိနေတယ်...ဟုတ်တယ်...လက်နက်ပုန်းလို့ပဲ ခေါ်ကြစို့။ အဲ့အရာက သူ့ကျောလက်ပြင်ရိုးမှာ နစ်ဝင်နေပြီး သူ့ကိုယ်ထဲကို တစ်ခုလုံးဝင်ခါနီးလေးပဲ။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now