Chapter - 27 (ကြည့်ပါဦး။ ကျွန်မသနားစရာမကောင်းဘူးလား?)

7.6K 1.1K 7
                                    

[Zawgyi]

လင်းရွှယ်ရဲ့ အာရုံခံစားမှုက ဒီလောက်စူးရှနေလိမ့်မယ်လို့ နဉ်ရှုမထင်ထားပေ။ သူမချောင်းမဟန့်လိုက်ခင် တစ်စက္ကန့်လောက်ပဲ ကြည့်ရဲလေတယ်။ ကြောက်ဖို့ကောင်းလိုက်တာ။

"ဘာမှမဟုတ်ပါဘူး။ ငါနင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ နောက်ကျောကို မကြည့်ဘဲ မနေနိုင်လို့ပါ။"

အမှန်တရား နည်းနည်းလေးတောင်မပါဘဲ နဉ်ရှုပြောလိုက်လေတယ်။

လင်းရွှယ် သူမရဲ့နှုတ်ခမ်းတွေကို ဖိကိုက်လိုက်တယ်။ နဉ်ရှုကို ကြည့်နေတဲ့သူမရဲ့ မျက်လုံးထဲမှာ လူသတ်ငွေ့တွေ လွှမ်းနေလေတယ်။ ဒီမိန်းမက ငါ့ကို လာဆွနေတာလား? အနှီမိန်းမအပေါ် အရမ်းသက်ညှာထားမိသလို လင်းရွှယ်ခံစားလိုက်ရသည်။ ပုရွက်ဆိတ်လို သာမန်လူက သူမကို တကယ်ကြီး လာဆွရဲတယ်ပေါ့။

လင်းရွှယ်ရဲ့ လူသတ်ချင်တဲ့အကြည့်ကို ရင်ဆိုင်ရင်း လင်းရွှယ်သူမကို ကြည့်ချင်သလိုကြည့်ဖို့ နဉ်ရှုခွင့်ပြုထားလိုက်တယ်။ လုံလောက်ပြီလေ။ သူမရဲ့အလှကို ချီးမွမ်းပြောဆိုပေးတာကတောင် အလုပ်မဖြစ်ဘူးပဲ။ နဉ်ရှု လင်းရွှယ်ကိုစွေကြည့်ပြီး ပြောလိုက်တယ်။

"နင်ဘာကြည့်နေတာလဲ? နင်က ငါ့လောက်မလှဘူးလို့ ခံစားနေရလို့လား?"

လင်းရွှယ်ရဲ့ ပုံစံက ချက်ချင်းအေးစက်သွားပြီး နဉ်ရှုကို လူသေတစ်ယောက်ကို ကြည့်သလို ကြည့်လာလေတယ်။ ကျားခေါင်းကို သွားကိုင်တာက တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။

နဉ်ရှု စောစောက လုပ်ခဲ့တာတွေက အန္တရာယ်ကို ဆွပေးတာပင်။ ဘယ်လိုပဲဖြစ်ဖြစ် သေမယ်ဆိုမှတော့ အသက်ရှင်နေတုန်းလေး အမျိုးသမီးဇာတ်လိုက်ကို စိတ်အနှောင့်အယှက်ပေးဖို့ သူမဆုံးဖြတ်ပြီးသားပင်။ စောပဲသေသေ ၊ နောက်ကျမှသေသေ...သေတာကတော့ အတူတူပဲလေ။

လင်းရွှယ်က သူမကို ဂရုမစိုက်သလိုကြည့်ပြီး ရှေ့ကိုပြန်လှည့်သွားလေတယ်။

နင့်မှာ ရွှေလက်ချောင်းကြီးရှိနေတာနဲ့ပဲ ကိုယ့်ကိုကိုယ်အရမ်းတွေ အထင်ကြီးနေတာလား? နင့်မှာပါဝါရှိတယ်ဆိုတာက တစ်ခြားလူတွေကို အနိုင်ကျင့်လို့ရတယ်လို့ မဆိုလိုဘူးလေနော်။ တစ်ခြားလူတွေကို အရုပ်လိုကစားဖို့ ကောင်းကင်ဘုံက နင့်ကိုပေးတဲ့ ကောင်းချီးမင်္ဂလာတွေအပေါ် မှီခိုနေရတာကို မြင့်မြတ်တယ်ထင်နေတာလား?

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now