[Zawgyi]
<လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးမှုကို ဟန့်တားနေတဲ့ဗီဇတွေ>
"အန်ကယ် ကျွန်မကို ခွဲစိတ်လို့မရဘူး။"
နဉ်ရှု ကျောင်းဆရာဝန်ကို မျက်ရည်လဲ့နေတဲ့ မျက်ဝန်းနဲ့ကြည့်လိုက်တယ်။
ကျောင်းဆရာဝန်အန်ကယ်က လင်းရွှယ်ရဲ့အဝှတ်အစားတွေကို အမြန်ဖြတ်တောက်ဖို့ ဆေးခန်းသုံးကပ်ကြေးကို သုံးလိုက်တယ်။ သူ လင်းရွှယ်ကို ခွဲစိတ်တော့မှာလား?
ဒါက အရမ်းကို လှပတယ်။ နဉ်ရှုလို မိန်းမမျိုးတောင်မှ ဒီမြင်ကွင်းရဲ့ ဆွဲဆောင်ခြင်းခံလိုက်ရသလို ခံစားလိုက်ရတယ်။ ကျောင်းဆရာဝန်အန်ကယ်က ဒီလိုအလှလေးကို တကယ်ပဲ သည်းခံခွဲစိတ်နိုင်မှာလား?
နဉ်ရှု ပြောနေတာတွေကို ကြားတာတောင်မှ ကျောင်းဆရာဝန်အန်ကယ်ရဲ့လက်တွေက ရပ်မသွားပေ။ သူက ခွဲစိတ်စားပွဲပေါ်က ခန္ဓာကိုယ်အတွက် ဘာခံစားချက်မှ ရှိနေပုံမပေါ်ချေ။
ကျောင်းဆရာဝန်က နဉ်ရှုကို စိတ်ပျက်သလို ကြည့်လာတယ်။
"မင်းကို? မင်းက ငါ့ကပ်ကြေးနဲ့ထိဖို့တောင် မတန်ဘူး။ မင်းရဲ့ဗီဇတွေက လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးမှုကို ဟန့်တားနေတဲ့ဗီဇတွေပဲ။ ဒါကိုလေ့လာဖို့ တိုက်ရိုက်အကျဆုံးနည်းလမ်းကတော့ မင်းမျက်နှာကြောင့်ပဲ။ မင်းက အရမ်းရုပ်ဆိုးတယ်။ မင်းရဲ့ဗီဇကလည်း ကောင်းမှာမဟုတ်ဘူး။"
နဉ်ရှု : ဒါက သူမရဲ့ရုပ်ဆိုးမှုအတွက် သွယ်ဝိုက်ပြီး လှောင်ပြောင်တာမဟုတ်ဘူးလား?
လင်းရွှယ်ရဲ့ မျက်တောင်ရှည်တွေ လှုပ်လာတယ်။ သူမ နိုးလာတော့မယ့်ပုံပင်။ ကျောင်းဆရာဝန်အန်ကယ်က သူမနိုးလာတာကိုစောင့်ဖို့ ခွဲစိတ်စားပွဲနားမှာ ထိုင်လိုက်တယ်။
လင်းရွှယ် နိုးလာတဲ့အခါ သူမရဲ့အပေါ်က မျက်စိစူးလောက်တဲ့ အေးစက်စက်အလင်းရောင်ကြောင့် ချက်ချင်းပဲ ဘာကိုမှမမြင်နိုင်အောင်ဖြစ်သွားလေတယ်။ ခဏလောက်ကြာပြီးမှသာ သူမရဲ့မျက်လုံးတွေက ကျင့်သားရသွားတော့တယ်။
ဒီနေရာက ဘယ်လိုနေရာကြီးလဲ? လင်းရွှယ် သူမရဲ့လက်တွေကို လှုပ်ရှားဖို့ကြိုးစားလိုက်ပေမယ့် လှုပ်လ်ို့မရဘူးဆိုတာ သိသွားလေတယ်။ သူမက ခွဲစိတ်စားပွဲတစ်ခုပေါ်မှာ ချုပ်နှောင်ခံထားရပြီဖြစ်တယ်။ သူမ ရုန်းကန်ပြီး လွတ်မြောက်အောင်ကြိုးစားပေမယ့် သူမခန္ဓာကိုယ်က အင်အားမရှိပေ။ တစ်လက်မလောက်ထူတဲ့ သံလက်ထိပ်တွေကနေ ရုန်းကန်လွတ်မြောက်ဖို့အတွက် သူမရဲ့ဒန်တျန်းထဲက ဝိဥာဉ်စွမ်းအားတွေကို လှည့်ပတ်ဖို့ သူမကြိုးစားလိုက်တယ်။
YOU ARE READING
Campus Cultivation Crisis (Arc - 1) [Myanmar Translation]
AdventureAuthor - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရာ အပိုအရှုပ်ဇာတ်ကောင်လေးတွေအတွက် ပြန်လည်တိုက်ခိုက်ပေးရတဲ့ တာဝန်ထမ်းဆောင်သူ(task-taker)တစ်ယောက် ဖြစ်လာ...