Chapter - 13 (Hidden taskကိုစတင်မိခြင်း)

8.4K 1.2K 11
                                    

[Zawgyi]

နဉ်ရှုရဲ့ အထုပ်အပိုးပြင်ခြင်းဟာ ကြီးမားလှတဲ့ ခရီးဆောင်အိတ်နှစ်လုံး ပြည့်သွားမှပဲ အဆုံးသတ်ပါတော့သည်။ အိတ်တွေကို ဆွဲပြီး သူမအခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်ဟာ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်နဲ့အတူ အခန်းထဲဝင်လာလေသည်။

နဉ်ရှု သူမရဲ့မှတ်ဥာဏ်တွေကို စစ်ဆေးလိုက်သည်။ သူတို့က မူလခန္ဓာပိုင်ရှင်ရဲ့ အမေနဲ့ မောင်လေးပင်ဖြစ်ချေသည်။ မူလခန္ဓာပိုင်ရှင်ရဲ့ မောင်လေးဟာ သူမထက် ဆယ်နှစ်နီးပါး ငယ်ပြီး တစ်မိသားစုလုံးရဲ့ အဖိုးတန်ရတနာလေးပင် ဖြစ်လေသည်။ မူလခန္ဓာပိုင်ရှင် လင်ကျားကျားတောင်မှ သူမရဲ့မောင်ငယ်လေးကို အလွန်အင်မတန် ချစ်မြတ်နိုးပြီး သူလိုချင်တဲ့အရာမှန်သမျှ ပေးလေသည်။ သူမရဲ့ မိဘတွေက မောင်နှမတွေဆိုတာ အချင်းချင်း ချစ်ခင်ကြင်နာသင့်ပြီး သူမလက်ထပ်သွားရင်တောင် သူမမိသားစုရဲ့ သြဇာလွှမ်းမိုးမှုကို မှီခိုလို့ရသည်ဟု မကြာခဏဆိုသလို ပြောတတ်သောကြောင့်ပင်။

ဒါက တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် သူတို့က သွေးသားအရဆက်စပ်နေခြင်းကြောင့်သာ ဖြစ်သော်လည်း လင်ကျားကျားသည် သူမ၏မောင်ငယ်ကို စိတ်ရင်းနှင့် ကောင်းမွန်စွာဆက်ဆံခဲ့သည်ပင်။

သို့သော်လည်း နဉ်ရှုသည် လူစိမ်းတစ်ယောက်သာ ဖြစ်လေသည်။ ဘေးလူတစ်ယောက်အနေနဲ့ ဒီမိသားစုက ထိုကောင်ငယ်လေးကိုသာ ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို သူမမြင်နေရသည်။ သူတို့ရဲ့သမီးကိုတော့ ပိုက်ဆံအများကြီး ပေးထားရသည့် ကုန်ပစ္စည်းတစ်ခုလိုသာ မြင်ပြီး အသုံးချစရာတစ်ခုလိုသာ သဘောထားကြလေသည်။

သူမကန်ထုတ်ခံနေရချိန်မှာ မူလကိုယ်ရဲ့ အမေဟာ သူမရဲ့အခန်းထဲမာသာနေပြီး အပြင်ထွက်မလာသလို အဖေဖြစ်သူကိုလည်း သူတို့ရဲ့သမီးကို နှင်မထုတ်ရန် တားဆီးခြင်း မရှိပေ။ အခုတော့ သူမက နဉ်ရှုကို ဒီမှာဆက်နေဖို့တောင် မပြောချေ။

လင်အမေက အိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး ပြောလေသည်။

"ဒါက အမေသမီးအတွက် ပြင်ဆင်ပေးထားတဲ့ ပိုက်ဆံပဲ။ အနာဂတ်မှာ သမီးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရတော့မှာ။ ဒီပိုက်ဆံတွေက သမီးအတွက် အချိန်ခနလောက်သုံးဖို့ လုံလောက်ပါလိမ့်မယ်။"

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now