ထုံးစံအတိုင်းပဲ အင်းလျားကန်က အမြဲစည်ကားနေတက်တာ ။ KS တို့သုံးယောက်ကတော့ အမြဲလိုလိုထိုင်ဖြစ်ကြတယ် ။ ဒါပေမဲ့ထိုင်လိုက်တိုင်း KS အတွက်လွတ်လပ်တယ်ဆိုတာမရှိခဲ့ပါ။ စိတ်ရှုပ်စရာတွေက အနားမှာအမြဲရှိနေတတ်တာ။ အခုလည်းကြည့်အနားမှာလာရှုပ်ပြန်ပြီ။
Boy : "Soo "
ဘာလဲဆိုပြီးမေးငေါ့ပြတော့
Boy : "Soo ရက်စက်တယ်ကွာ"
KS : "ဟင်..ဘာ"
KS ကြောင်သွားတာ ဘာလဲပေါ့ ဘာတွေလာပြောနေတာလဲပေါ့ ကောင်လေးကဆက်ပြောတယ်
Boy : "Soo coffee ဆိုင်လာမယ်ဆိုပြီး ရောက်မလာဘူး ကျွန်တော် မနေ့က ညနေထိထိုင်စောင့်နေတာ မိုးချုပ်ခါးနီးတော့မှ မလာတော့ဘူးထင်ပြီးပြန်သွားတာ Soo ကျွန်တော့်ကို သက်သက်ပညာပြတာလား"
KS သဘောပေါက်လိုက်ပါပြီ မနေ့က coffee ဆိုင်မှာ မလာမချင်းစောင့်မယ်ဆိုတဲ့တစ်ယောက်ပဲ။ KS ပညာပြတဲ့သူက အများသားဆိုတော့ သူတို့က သာကိုယ့်ကိုသိတာ ကိုယ်က သိတာမဟုတ် အခုတောင် စဉ်းစားလိုက်ရတာ
KS : "ပညာပြတယ်။ ဟုတ်လား ။ ဟက် (မဲ့ပြုံးပြုံးတာပါ) ငါလာချင်လာမယ် မလာချင်မလာဘူး လို့ငါပြောခဲ့သားပဲ။ မင်းဘာသာစောင့်နေတာ။ ငါလာမယ်လို့ကတိမပေးခဲ့ဘူး။ Ok? မင်းဘာသာအရူးထပြီးစောင့်နေတာ ငါ့လာပြီး အာရုံလာမစားနဲ့ မင်း လစ်လိုက်တော့ "
Boy : "အဲ့လိုတော့မလုပ်ပါနဲ့ ကျွန်တော် Soo ကိုပြောစရာတွေရှိနေလို့ ခနလောက်တော့စကားပြောခွင့်ပေးပါ"
KS(pov) : 'ကျစ်.....ခံရပြီးလဲမမှတ်နိုင်သေးဘူးပဲ တုံးတယ် ပြောတော့လည်းမကြိုက်ချင် သတ္တိကောင်းသားပဲ ရှေ့ဆက်တိုးရဲတာ'
KS မဲ့ပြုံး ပြုံးရင်းပြောလိုက်တယ်။KS : "Ok... အဲ့တာဆိုရင် ငါခိုင်းတာမင်းလုပ်နိုင်ရင် စဉ်းစားပေးမယ်"
ကောင်လေးမျက်ဝန်းတွေက လက်ခနဲအရောင်တောက်လာပြီခေါင်းတွေလည်းငြိမ့်ပါးစပ်ကလည်း
Boy : "Soo ခိုင်းတာမှန်သမျှလုပ်ပါ့မယ်" ပြောလေရဲ့။KS : "Ok...အရင်ဆုံးရေကန်ထဲဆင်း"
Boy : "ဗျာ"
ကောင်လေး နည်းနည်းတွန့်သွားတယ်။ လူတွေကလည်းဝိုင်းကြည့်နေတော့နောက်ထပ်အရူးလုပ်ခံရမှာစိုးနေတာ။ တွန့်လည်းတွန့်စရာပါ ကြည့်နေကြတာက တစ်နေရာထဲမှမဟုတ်တာ ။နေရာရှုထောင့်ပေါင်းစုံကကြည့်နေတော့ရှုက်မှာပေါ့။ KS သက်သက်မဲ့လုပ်တာပါ။ နားအေးပါးအေးနေချင်ပါတယ်ဆိုတာကို လာပွားတာလေ ။ KS မဆင်းဘူးလားဆိုပြီး မကြည် ကြည့်နဲ့ ကြည့်လိုက်တော့ ကျေးဇူးရှင်က ဆင်းမယ်ဆိုပြီး ဆင်းသွားလေရဲ့။သူဆင်းတော့လည်း ခိုင်းရတော့ပေါ့ ။