Ch-42

568 61 5
                                    

  

      အဲ့ဒီညမှာပဲ Chanyeol ဆီကနေ ph ဝင်လာခဲ့တယ်။ KS သူ့ဆီကနေ ဘာကိုမှမမျှော်လင့်ထားတော့တာပါ။ သူများphဆက်လာမလားလို့လဲ မျှော်လင့်မနေချင်ဘူး။ Soo ကိုများသတိရနေမလား........ KS နဲ့မတော်တဆ ဟန်မျိုးနဲ့တစ်နေရာရာမှာ ပြန်ဆုံအောင်များ သူစီစဥ်အကွက်ချနေသလားလို့လဲ မှန်းမနေချင်ဘူး။ KS ကိုချစ်နေရဲ့သားနဲ့ လိမ်ညာဖုံးကွယ်နေတာများလားလို့လဲ သံသယမဝင်ချင်တော့ဘူး။ အဲ့ဒီလို ဘာဆိုဘာမှ မမျှော်လင့်တော့ဘဲ သူနဲ့ပက်သက်သမျှခံစားချက်တွေကို တက်နိုင်သမျှရှောင်လွှနေခဲ့တာလေ။ သူ့phဝင်လာတော့ထိတ်ခနဲဖြစ်သွားတယ်။ ကိုင်သင့်လား မကိုင်သင့်ဘူးလားတွေဝေနေမိတယ်။ ဒါပေမဲ့ KS ဘာကိုမှမမျှော်လင့်တော့ဘူးလေ KS သူ့ရဲ့သူငယ်ချင်းတစ်ယောက် ph ခေါ်တာလို့ပဲတွေးပြီးphကိုကိုင်လိုက်ပါတယ်။

chan : " Kyungsoo "

KS : " omm "

Chan:" ကိုယ့်ကိုသတိမရဘူးလား "

KS'pov: ' ဘာလား။ ညနေကတွေ့သွားတယ်ဟုတ်ဘူးလား ။ '

KS : " ဘာလို့ငါကသတိရရမှာလဲ "

Chan: " aww ထားလိုက်ပါတော့လေ။ ဒါနဲ့ အန်ကယ်နဲ့ကိုယ် ဘော်ဒါတွေလိုဖြစ်နေတာ မင်းသံသယမဝင်ဘူးလား။ "

KS : " ကျစ် Chanyeol မင်း လာပြန်ပြီကွာ၊ ငါက ဘာကိုသံသယဝင်ရမှာလဲ၊ မင်းပြောချင်ရင် ပွင့်ပွင့်လင်းလင်းပြော၊ ပဟေဠိတွေလာလုပ်မနေနဲ့ ငါမင်းလောက် ဉာဏ်မမှီဘူး "

Chan: " ဟက် "

Chanရဲ့ရယ်သံကတိုးတိုးလေးဆိုပေမဲ့ KS ကြားနေရတာကြောင့် ယောင်္ကျားလေးဖြစ်ပြီးသူ့မျက်စောင်းလှမ်းထိုးနေမိသေးတယ်။ တကယ်သူ့ရဲ့အပြုံးတွေလောက် အသည်းယားတာမရှိဘူး။

Chan : " မင်းနဲ့ကိုယ်ကစားပွဲတစ်ခုလောက်ပြန်ကစားရအောင်။ "

KS ရုတ်တရက်ဘာပြန်ပြောရမှန်းမသိ။ သူဘာလုပ်အုံးမလို့လဲ။ နောက်တော့

KS : " မင်းကလေးလည်း မဟုတ်တော့ဘူး ကစားချင်သေးတာလား "

Chan : " ကိုယ်က ဦးနှောက်သုံးရတဲ့ကစားပွဲတွေပဲ ကစားတာပါ။ အဲ့ဒါက အတွေးခေါ်နဲ့ဖြတ်ထိုးချင်ဉာဏ်ကိုတိုးတက်စေတယ်လေ"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now