Ch-8

641 78 6
                                    


Unicode

(recall)
{Chan : "မင်းနဲ့ငါနဲ့ မချစ်မိကြေး ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြိုင်ပွဲတစ်ခုလုပ်ကြတာပေါ့ ဘယ်လိုလဲ"
Ks : " ok ... deal"}

(မမှိတ်မိမှာဆိုလို့ recall လုပ်လိုက်တာ)😁

Ks နဲ့ Chan ရဲ့ ပွဲက မထင်မှတ်ဘဲ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ယောကျာ်းလေးတစ်ယောက်က နောက် ယောကျ်ားလေးတစ်ယောက်ကို ချစ်မိလာအောင်ဆွဲဆောင်ရတာ လွယ်တာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ဆိုရင်တောင် ခက်ခဲမှာမဟုတ်။ အခုဟာက ယောကျ်ားလေးနှစ်ယောက်ဆိုတော့ Chen နဲ့ Baek ပိုကတော့စိတ်ဝင်စားကြတယ်။ သူတို့နှစ်ယောက်က Ks ကိုချစ်တက်သွားစေချင်တာပါ။ Sehun ကတော့ တားပါသေးတယ်။ Ks က တားမရတော့လွွတ်ထားတဲ့သဘောပါ။ Ks ခေါင်းမာတာ သူအသိဆုံး။ အခုလည်း အတန်းကိုသွားရင်း သုံးယောက်သား Chan yeol အကြောင်းနားငြီးအောင်ပြောနေကြလေရဲ့။စိတ်မဝင်စားလို့သာပေါ့။ သူတို့ 5 ယောက်က ပြသာနာဖြစ်ခဲ့တဲ့နေ့ကနေ စပြီး အတူတူသွားလာကြတာပါ။ ဒီနေ့က ပွဲစတဲ့နေ့ပါ။ Chan yeol ကတော့ အခန်းရေှ့မရောက်ခင် ကော်ရစ်ဒါ မှာ နှင်းဆီပန်းတွေတစ်ပွေ့ကြီးနဲ့ရောက်နှင့်နေပါပြီ။ Ks က ခနဲ့ပြုံး ပြုံးလိုက်တယ်။ ပန်းတွေပေးပြီးဆွဲရအောင် Ks က မိန်းကလေး လည်းမဟုတ်သလို ပန်းပေးပြီး ဆွဲဆောင်တဲ့နည်းက အရမ်းကိုရိုးလွန်းတယ်မလား။ Ks မသိချင်ယောင်ဆောင်ပြီးထွက်သွားဖို့အလုပ် သူ့ရေှ့ကနေဖြတ်သွားချိန်မှာ သူ့ခြေထောက်အောက်ကို နှင်းဆီပွင့်တစ်ပွင့်ချင်းစီ လှမ်းပစ်လိုက်တယ်လေ။ Ks ခြေတစ်လှမ်း လှမ်းရင် တစ်ပွင့်ချင်း လှမ်းပစ်တာပါ။ Ks အစက တော့ သူဘာကြောင်တာလဲဆိုပြီး တအံ့တသြ။ Ks ခြေလှမ်းလှမ်းပြီး တိုင်းမှာ Ks ခြေထောက်အောက်မှာ ကျန်ခဲ့တဲ့ ပန်းတွေကကဗျာဆန်နေသလိုပါ။

Ks : " မင်း ဘာလုပ်နေတာလဲ အူကြောင်ကြောင်နဲ့"

ကြာတော့ Ks ခြေလှမ်းဆက်မလှမ်းရဲတော့လောက်အောင်ပါဘဲ။ Ks ပန်းမကြိုက်ပေမဲ့ ပန်းတွေကိုနင်းခြေ ပစ်လိုက်ရအောင်ထိတော့မရက်စက်ပါ။ Baek တို့ကတော့ တအံ့တသြ ။ ပါးစပ်တောင် ပြန်စိပါ့မလားဘဲ😅။ သူတို့ကလည်း ပွဲကြည့်ပရိတ်သတ်ဝင်လုပ်နေကြလေရဲ့။ sehun ကတော့ သိပ်မကြည်ပါ။ ပြိုင်ပွဲဆိုတာ သိနေလို့သာပေါ့။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now