Ch-41

504 57 13
                                    


Chan အိမ်ပြန်ရောက်တော့ခနနားပြီးရေမိုးချိုးကာ KS ကိုဘယ်လိုနည်းနဲ့ပြန်ချည်းကပ်ရမလဲဆိုတာ စဥ်းစားနေမိတယ် ။ ည ၁၀ နာရီလောက်မှ ခေါင်းထဲကို ဖျက်ခနဲအတွေးတစ်ခုဝင်လာတယ်။ ဟုတ်သားပဲ သူ KS ရဲ့ အိမ်တော်ထိန်းကြီးနဲ့သိတာပဲ။ ပြီးတော့ သူရဲ့ပါးနဲ့လည်း ကုမ္ပဏီကိစ္စတွေကြောင့်ခနခနတွေ့နေကြ။ သူ KS ဆီကို ချက်ချင်း ph ခေါ်လိုက်တယ်။
သူ့ဘက်က " ဟယ်လို " ဆိုတဲ့အသံလေးကိုကြားလိုက်ရတယ်။ သူကျွန်တော့် ph ကိုကိုင်မယ်လို့မထင်ထားဘူးလေ။ 3 ခါလောက်တော့ ခေါ်ရ မယ်ထင်ထားတာ ။

Chan : " ကိုယ်ပါ KS "

KS : " ဟင် "

KS ​သူ ph ကိုနားကပြန်ခွါကြည့်တော့ ph နံပါတ်က သူမသိတဲ့နံပါတ်။ ဒါပေမဲ့အသံကတော့ သေချာတယ် Park Chanyeol ရဲ့အသံ။ KS ဘက်ကအသံတိတ်သွားတာကြောင့်

Chan : " KS KS KS yar"

KS : " ဟင် အင်း ဘာကိစ္စငါ့ဆီphဆက်တာလဲ ။ မင်းနဲ့ငါ ဘာမှပြောစရာမရှိတော့ဘူးထင်တယ် "

Chan : " ကိုယ်ကတော့ ပြောစရာရှိတယ်။ KS "

KS : " မင်းပြောစရာရှိလဲနားမထောင်နိုင်ဘူး ။ ဒါဘဲ "

KS ချက်ချင်း ph ကိုချပစ်လိုက်ပြီး သူ့ကိုယ်သူမနည်းပြန်ထိန်းလိုက်ရတယ်။ ph ပြောနေရင်း သူ့ခေါင်းထဲအတွေးတစ်ခုကမဖိတ်ခေါ်ဘဲဝင်လာခဲ့တယ်။ အဲ့တာက Chan ph နံပါတ်ပြောင်းပြီးကတည်းက သူ့ဆီကို ပထမဦးဆုံးခေါ်တဲ့ ph ။အရင်တုန်းက လှည့်တောင်မကြည့်ခဲ့ပဲနဲ့ အခုမှဘာလို့လဲ။ သူများ ph ပြန်ခေါ်လာမလားလို့ မသိစိတ်ကစောင့်နေခဲ့ပေမဲ့ သူသိလိုက်ရတာက Chan က ph နံပါတ်ပြောင်းသွားခဲ့တယ်တဲ့။ သူဆက်လည်းထူးမှာမဟုတ်တဲ့ ph ကို သူအကြာကြီးခေါ်နေခဲ့မိတာ။ Chan က ph ပြောင်းသွားတာတောင် သူ့phနံပါတ်လေးကို မှတ်မိမှာပါဆိုပြီး မသိစိတ်ကတွေးနေခဲ့မိတာ။ ဒီနှစ်တွေမှာ ph နံပါတ်တစ်ခုထဲကိုမပြောင်းဘဲသုံးခဲ့တာ။ သူလမင်းနဲ့စတွဲတဲ့နေကမှ ph အသစ်ကိုင်ခဲ့တာ။ ဒါတောင်အချိန်တိုင်း ph အဟောင်းလေးကို သွားလေရာယူသွားခဲ့တာ။ အမှတ်တမဲ့များChanဘက်ကစခေါ်လေမလားလို့တွေးမိခဲ့တာ။ သူတော်တော်ရူးနေတာဘဲ။ အခုတော့ Chan က Kai ဆီကရလာတဲ့ ph နံပါတ်နဲ့သုဆီကို ph ခေါ်ခဲ့တာလေ။ အရင်တုန်းက သူနဲ့Chan ဆက်သွယ်ခဲ့တဲ့​ ph နံပါတ်ကိုChanမေ့သွားပြီပဲ။ အဟက် မျှော်လင့်ခဲ့တဲ့ Do Kyungsoo ဆိုတဲ့ကျွန်တော်ကပဲရူးနေခဲ့တာ။ KS ရဲ့အတွေးတွေက သူ့ကိုယ်သူနိုပ်စက်နေမှန်းသိပေမဲ့ ခေါင်းထဲရောက်လာတဲ့သူအတွေးတွေကို မဖြတ်ပစ်နိုင်ခဲ့ဘူး။ Baek ပြောခဲ့စကားတွေကလည်းအခုချိန်မှာ ပျောက်ကွယ်နေလျက်။ KS လက်ထဲမှာ ကိုင်ထားတဲ့ ph လေးမှာလဲ missed call ပေါင်းများစွာနဲ့နီရဲနေလျက်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now