Ch-24

513 55 11
                                    

uni

Chan : " ကိုယ့်ကို လက်ထပ်ပါ KS "

လို့တိုးဖွညင်သာလွန်းတဲ့လေသံကလေးနဲ့တောင်းဆိုလိုက်ချိန်မှာ KS တစ်ကိုယ်လုံးမြောက်တက်လွင့်စင်သွားသလို အစိတ်အစိတ်ဖြစ်သွားခဲ့တယ်။

KS : " ဘာ.....ဘာပြောလိုက်တယ်။ Chanyeol ။ မင်း.....မင်းမှာအဲ့လိုတောင်းဆိုပိုင်ခွင့်မရှိဘူး...သိလား"

KS အသံက တိတ်ဆိတ်လွန်းတဲ့ညမှာ ကျယ်လောင်နေခဲ့တာပါ။စိတ်လှုပ်ရှားလွန်းလို့ အသံက အက်ကွဲနေတယ်။ သူ ခဏတိတ်ဆိတ်စွာနဲ့ ခေါင်းငုံ့ထားတယ်။ KS ရင်ထဲ ဗုံတီးသံတွေလို ကျယ်လောင်ဆူညံနေခဲ့တယ်။ KS နှလုံးသားက မြင်းတစ်ကောင် ကဆုန်ပေါက်နေတဲ့အတိုင်း ဗြောင်းဆန်နေတာ။ ခဏကြာတော့သူစကားတစ်ခွန်းပြောတယ်။

Chan : " မင်း တကယ်ထင်သွားခဲ့ပြန်ပြီ။ ဂိုးသွားပြန်ပြီပေါ့။ နှစ်ဂိုးရှိပြီနော် KS ။ ကိုယ် အားတောင်နာလာပြီ"

KS မျက်လုံးစုံမှိတ်ထားလိုက်ရတယ်။ ရင်ဘတ်ထဲက နှလုံးသားကို ငြိမ်သက်လိုငြိမ်သက်ညား မသိမသာ ဖိထားရသေးတယ်။

Chan : " ကဲ KS ဘယ်လိုလဲ ခိုင်းရတော့မလား"

KS : " တောက် ...... မင်း လောက်မုန်းစရာကောင်းတဲ့လူကို ငါ့တစ်သက်မတွေ့ဖူးသေးဘူး သိလား။ ပြော ဘာခိုင်းမှာလဲ "

KS အသံက ဆောင့်ဆောင့်အောင့်အောင့်။ သူက ပြုံးတယ်။ ပြုံးပြီးတော့ သူ

Chan : " မခက်ပါဘူး။ အခုမင်းရဲ့လက်မှာ ပတ်ထားတဲ့ လက်ပက်လေးက သစ်သားနဲ့လုပ်ထားတဲ့ handmade မလား။ အဲ့လက်ပက်မှာ ကိုယ့်နာမည်ရေးထိုးခွင့်ရှိမလား။ "

KS : " ဘာ.......ဘာ​ဖြစ်တယ်။"

Chan : " နေပါအုံး ကိုယ် ပြောလို့မပြီးသေးဘူး။ ကိုယ်က မင်းရဲ့ လက်ပတ် handmade တွေအကုန်လုံးမှာ ရေးချင်တာ။ ပြီးတော့ မင်း အဲ့လက်ပတ်တွေကို ချွတ်စရာမလိုဘူး။ ကိုယ့်ရေးပေးတာကို မင်းက ကြည့်နေရုံဘဲ "

KS တွေးနေမိတယ်။ KS handmade တွေကို ဝယ်စုတာ ဘယ်လိုသိသွားတာလဲလို့ ။ ပြီးတော့ဘာဒီဇိုင်းမှမပါတဲ့ရိုးရိုးရှင်းရှင်းလေးတွေပဲ ဝယ်စုတာ။ အခုတော့.......

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now