Ch-27

503 62 21
                                    

Uni


sehun ရဲ့ မွေးနေ့ပွဲအပြီးမှာ သူတို့ 12 ယောက်လုံး ပိုပြီးရင်နှီးသွားခဲ့ကြတယ်။(မွေးနေ့အကြောင်းမရေးတော့ဘူးနော်CS ကနေ hunhan ဖြစ်တော့မယ်😅) Luhan hyun က ဆရာဝန်ဆိုတော့ အချိန် သိပ်မပေးနိုင်ပေမဲ့ အတန်းမရှိတဲ့အချိန်တွေဆို luhan hyun ဆီသွားပြီ နေှာင့်ယှက်ရတာလဲ ပျော်စရာကောင်းသလို၊ အဲ့လိုရင်းနှီးနေတဲ့ကြားက KS နဲ့ Chan ပြိုင်ပွဲကလည်းတစ်စတစ်စ ပြင်းထန်လာတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။အခုတော့ KS နဲ့ Chan ကတော့ ရည်းစားမကျ သူငယ်ချင်းမကပေါ့။ chen တို့ကတော့ သူတို့နှစ်ယောက်ကို ပြိုင်ပွဲကို အဆုံးသတ်ဖို့ပြောချင်ပေမဲ့ ခေါင်းမာလွန်းတဲ့သူတို့နှစ်ယောက်ကို မတားနိုင်ပါ။ သူတို့နှစ်ယောက်ရဲ့ အနိုင်အရှုံးကသူတို့ နှစ်ယောက် လုံး ကိုသူငယ်ချင်းဆက်ဖြစ်ခွင့်ပေးမပေးဆိုတာကတော့ ...............

အခုသူတို့အကုန်လုံး လူစုနေကြတာပါ။ ခရီးသွားဖို့အကောင်အထည် ဖော်နေကြတယ်ဆိုပါတော့။ luhan hyun ကလည်း အားတယ်ဆိုတာနဲ့ လူစုမိကျခြင်း။

Baek : " 1 2 3......11 ဟင် ဘယ်သူကျန်သေးတာလဲ Kyunggi ပဲလား "

Chen : " မင်းကပဲ ပြောရတယ်ရှိသေး မင်းလည်း အခုမှရောက်တာမဟုတ်ဘူးလား  "

KS : " ဘယ်သူလဲ အခုမှရောက်တာ"

All : " မင်း!!!လေ "

Ks : " ဖြေးဖြေးပြောကြကွ ။ ငါနားမလေးသေးဘူး "

Tao : " နားလေးတာလူလေးနေတာ။မင်းအိမ်ကနေထွက်လာတာ အဲ့လောက်ကြာလား ဟမ် "

suho : " ငါတို့ကိုအားတယ်များထင်နေလား "

KS : " အားနေလို့လူစုကြတာမဟုတ်ဘူးလား ။ "

Baek : " အေးလေ "

sehun : " အားလို့ လူစုပေမဲ့ မင်းတို့နောက်ကျနေကြတာလေ ။ ငါတို့ နာရီဝက်တောင် စောင့်လိုက်ရတာ ။ ဘယ်ဝင်နေလို့နောက်ကြနေတာလဲ "

Chen: " နာရီဝက် မ,ကဘူးဟျောင့်။ 45 မိနစ်လောက်ရှိမှာ "

Minseok : " တိကျလိုက်တာ"

Kai : " ဘယ်တုန်းက နာရီမှတ်လိုက်တာလဲ "

KS & Baek : " မင်းတို့ အဖေအိမ် ဝင်နေတာလေ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now