Ch-35

490 59 11
                                    

Unicode

ဘာမှရေးမထားတဲ့ စာရွက်ဗလာလေးတစ်ရွက်ဟာ KS တစ်ကိုယ်လုံးနေရာလပ်မကျန်အောင် စပ်ဖျဥ်းနာကျင်နိုင်စွမ်းရှိပါတယ်။ (မထင်ထားဘူးမလား🙃) စော်ကားခံလိုက်ရသလို မာနနဲ့ ခံပြင်းမှုက ရုန်းကြွလာခဲ့တာ။
   KS သူ့ဆီက ဘာကို မျှော်လင့်နေခဲ့တာလဲ။မရိုးသားမှု စတင်ခဲ့တဲ့ပွဲက မရိုးသားမှုနဲ့ အဆုံးသတ်ရမှာမဟုတ်ဘူးလား။  ဒီပွဲမှာ အစစ်ကို မျှော်လင့်မိသူက အရှုံးလေ။

xxxxxxxxxxxxxxxxxxxxxxxxxxxx

Chan နဲ့ KS ရဲ့ပွဲက အဆုံးသတ်သွားသလို အကုန်လုံးကလည်း သူ့နေရာနဲ့သူ လည်ပတ်နေကြတယ်။ Sehun Suho Kai တို့လည်း ပုံမှန်အတိုင်းကျောင်းတက်နေကြသလို Chen နဲ့ Minseok ကလည်း တစ်ပတ်မှာတစ်ခါသာတွေ့ကြတော့တယ်။ KS နဲ့ Chan ကတော့မတွေ့ဖြစ်ကြတော့။သူနဲ့KS တို့ပွဲက သရေပွဲအဖြစ်နှင့်သာ အဆုံးသတ်သွားတော့တယ်။ KS ကလည်း Chan ကိုမချစ်မိခဲ့သလို ၊ Chan ကလည်း KS ကို မချစ်မိခဲ့ကြဖူးဆိုတာနဲ့ အဆုံးသတ်သွားတယ်။  Chan ဘယ်ထွက်သွားတယ်ဆိုတာကို KS Chanရဲ့မားဆီ သွားပြီးတဲ့နောက်နေ့မှာပဲ Kai က သူ့ကိုလာပြောခဲ့တယ်။

Kai : " KS ငါ.... "

KS : " မင်း Chan yeol အကြောင်းလာပြောတာဆိုရင် ငါမကြိုဆိုဘူးနော်။ "

Kai : " ဟင်း.....ပွဲကတစ်ကယ်ပြီးသွားလား KS ။ "

KS : " ပြီးသွားပြီလေ အချိန်ဘယ်လောက်ထိ ဆွဲနေအုံးမှာလဲ။ "

Kai : " မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဥ်လေးတောင် မရှိခဲ့ကြဘူးလား "

KS : " .........သံယောဇဥ်။ အစကတည်းက အစစ်မရှိခဲ့တဲ့ ငါတို့နှစ်ယောက်ကြားမှာ သံယောဇဥ်ရှိမယ်လို့ မင်းထင်လား ။ "

Kai : " မချစ်ခဲ့ဘူးပေါ့ "

KS : " လုံးဝ မချစ်မိခဲ့ဘူး Jongin။ သူ့ရဲ့ဆွဲဆောင်မှုတွေက ပညာသားတွေပါခဲ့ပေမဲ့ ငါရှောင်နိုင်ခဲ့တယ်။ ငါ သူ့ကို လုံးဝမချစ်မိခဲ့ဘူး "

Kai : " ကောင်းပြီလေ ။ သူဆီက အဖြေကိုရော မင်းမသိချင်ဘူးလား"

KS မသိချင်ဘူးလို့ပြောရင် လိမ်ရာကျမှာပါ။

KS " ....."

Kai : " သူ​ ph ဆက်ပြီး လှမ်းပြောခဲ့တယ် KS ။မင်းဆီဆက်ရင် မင်းမကိုင်ဘူးဆိုတာ သေချာတယ်တဲ့။ အဲ့တာကြောင့် ငါ့ဆီလှမ်းဆက်ခဲ့တာ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now