Ch-40

516 59 23
                                    

Uni

Chan Kai တို့ကို နှုတ်ဆက်ကာ ပြန်လာခဲ့လိုက်တယ်။ သူ KS ဘယ်လိုပြန်ပြီးချဥ်းကပ်ရမလဲဆိုတာ သူ့ရဲ့ဉာဏ်ရောင်စုံတွေကို ထုတ်သုံးရမဲ့အချိန်ရောက်လာပြန်ပြီလေ။ ဟိုကောင်တွေရှေ့သနားစရာပုံစံလုပ်ပြပြီးပြန်လာခဲ့တာ အခုလောက်ဆို KS တစ်ယောက် နားငြီးနေလောက်ပြီပေါ့။ ဟိုကောင်တွေ သူတို့နှစ်ယောက်ကို အရမ်းသဘောတူနေတာဆိုတော့ မျက်နှာလေးနည်းနည်းမကောင်းသလိုလုပ်ပြလိုက်ပြီး " သူလက်မခံလည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံရှိပါစေတော့ " ဆိုပြီး စကားလေးပဲပြန်လာခဲ့တာလေ။ တကယ်တော့ KS က သူငယ်ချင်းအဖြစ်ပြန်လက်ခံတယ်လို့ပြောပြီးသား။ KS မယုံတော့ဘူးပြောတာက Chan သူ့ကို အသိမပေးဘဲပျောက်သွားတာကြောင့် ထပ်ပြီးအထားခံရမှာကြောင့် မယုံတော့ဘူး​လို့ပြောတာ။ Chanyeol တဲ့ KS ရဲ့မျက်နှာကိုမှမဖတ်တက်ရင် KS ရဲ့ချစ်သူလုပ်မနေဘူး။ Chan တွေးနေရင်း မျက်နှာမှာအပြုံးက ချိတ်ဆွဲနေလျက်။ သေချာပါတယ် KS တစ်ယောက် ဟို ၁၀ ယောက်ရဲ့အပြောခံနေရမှာ။

Chan ရဲ့အတွေးမမှားခဲ့ပါဘူး။ KS တစ်ယောက် ဟို ၁၀ ယောက်ရဲ့အပြောကိုခံနေရတာ ။ သူဘာမှပြန်ပြောချိန်တောင်မရ။ လူက နားမဒိန်းကျင့်ခံနေရတာတော့မဟုတ်သေးဘူး။ ဟိုကောင် Park Chanyeol မွှေသွားတာဘဲဖြစ်ရမယ်။ မင်းနဲ့ငါတွေ့ကြသေးတာပေါ့။ မင်းကိုနည်းနည်းမှအလျော့ပေးလို့မရဘူးပဲ။  Baek တို့ပြောနေတာကိုမခံနိုင်တဲ့အဆုံး

KS : " တော်ပါတော့ကွာ ။ နားတွေလည်းပူလှပြီ။ မင်းတို့ကောင်တွေ ငါ့ဘဲလာပြောနေတယ်။ သွားပြောပါ့လား ။ Park Chanyeol ကို။ သူ့ကြမပြောဘဲနဲ့ "

Chen&Baek : " မင်းဘက်ကမှားတာလေ!!! "

KS: " သေပါပြီကွာ တိုးတိုးပြောလည်းကြားပါတယ်ကွ ။ "

Kai : " မင်းမဟုတ်သေးဘူးကွာ။ ငါတို့အခုမှပြန်တွေ့တာကို Yeolli ကိုဘာပြောလိုက်တာလဲ ။ သူက အဲ့လောက်ထိဖြစ်သွားရတာလဲ "

KS : " ဘာဖြစ်သွားလို့လဲ ။ သေသွားတာလား "

"ဒေါက်"

KS : " အားလားလား hyun ။ ကျွန်တော့်ကိုဘာလို့ခေါက်တာလဲဗျ။ကျွန်တော်ဘာလုပ်လို့လဲ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now